Ep 2
မနက်တိုင်းဒီပါနှင့်မြူတို့ကျောင်းကိုစက်ဘီးနဲ့သာလာကြသည်။ကျောင်းနဲ့အိမ်ကသိပ်မဝေးပါ။မိနစ်၂၀လောက်လမ်းလျှောက်ရင်တောင်ရောက်သည်။သို့ပေမဲ့ ဒီပါကစက်ဘီးနဲ့ပဲသွားမယ်ဆိုကာကိုးတန်းမတတ်ခင်တည်းဒီပါကစက်ဘီးတစ်စီးဝယ်လိုက်လေသည်။စက်ဘီးကနှစ်ယောက်လုံးစီးတတ်သော်လည်းအမြဲတမ်းမြူ ကသာနင်းရပြီးဒီပါကတော့အနောက်ကနေသာအခန့်သားထိုင်စီးဖြစ်သည်။
မြူလည်း စက်ဘီးနင်းနေရင်းကျောင်းနားမရောက်ခင်ကောင်မလေးတစ်ယောက်ကစက်ဘီးကိုလာတားတာကြောင့်ရပ်လိုက်လေသည်။မြူ စက်ဘီးရပ်လိုက်သည်နှင့်ကောင်မလေးကမြူ့နောက်ကဒီပါကိုပြုံးပြကာ...
"ဒီပါ ငါနင်နဲ့ကျောင်းတူတူသွားမလို့စောင့်နေတာ"
"ဟုတ်လား လာလေတက် စက်ဘီးနဲ့သွားမယ်""ဟုတ်"
"မြူ မင်းလမ်းလျှောက်ပြီးတော့ပဲ လာခဲ့တော့နော်ငါ ငါ့ကောင်မလေးနဲ့စက်ဘီးစီးသွားမယ်"ဒီပါပြောတော့မြူတစ်ယောက်လွယ်အိတ်နှင့်ထမင်းချိုင့်ကိုယူလိုက်ကာစက်ဘီးနင်းသည့်နေရာမှဖယ်ပေးလိုက်သည်။
မြူဖယ်ပေးလိုက်သည်နှင့်ဒီပါက စက်ဘီးနင်းတဲ့နေရာသို့လာကာ..."ဆုဝေ တတ်သွားမယ်"
"ဟုတ်" ကောင်မလေးကပြုံးလိုက်ကာဒီပါနင်းသည့်စက်ဘီးနောက်သို့ပါသွားလေသည်။မြူကတော့ထမင်းချိုင့်ကိုင်ကာကျောင်းကိုလမ်းလျှောက်ပြီးသာလာခဲ့သည်။ဒါကတော့ကျွန်တော်ဖြစ်နေကျ အရာတစ်ခုပါဘဲ ဒီပါက စော်ကြည်သလောက်ရည်းစားလည်းများသေးသည်။တပတ်ကိုရည်းစားနှစ်ယောက်လောက်ထားသည်။ပြီးရင်လည်းဘယ်သူ့ကိုမှအတည်မချစ်ဘဲအပျော်သက်သက်ကြီးသာတွဲပြီးကောင်မလေးတစ်ယောက်ကို၃ရက်အပြင်ပိုမတွဲပါ။ကောင်မလေးတွေကဒီပါ့ အကြောင်းကိုသိပေမယ့်လည်း လာလာကြိုက်ကြသည်။သူအပျော်တွဲတဲ့ကောင်မလေးတွေနဲ့ယှဉ်ရင်တောင်ကျွန်တော်ကနေရာမရတဲ့သူပါ။ဒါတွေကိုသိပေမယ့်ကျွန်တော်ကတော့သူ့ကိုချစ်နေဆဲပင်။သူသာကောင်မလေးတစ်ယောက်ပြီးတစ်ယောက်တွဲပေမဲ့ကျွန်တော့်ရဲ့ဘယ်ဘက်ခြမ်းကနေရာလေးမှာတော့ခွန်းဒီပါဆိုတဲ့လူသားလေးကထာဝရအပိုင်နေရာယူပြီးသွားပါပြီ။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...