Ep 18
မြူနှင့်ဒီပါတို့ လေယာဉ်ကွင်းသို့ရောက်နှင့်လေပြီ။မြူ့အမေ မလာသေး၍ဒီပါကတော့ဖုန်းသုံးနေပြီး မြူ ကနားကြပ်တပ်ကာသီချင်းနားထောင်နေသည်။ထိုအချိန်
"သား "
"ဟင် မေမေ လာပြီလား"မြူ တို့ဖုန်းကြည့်နေချိန် ခရီးဆောင်အိတ်ကိုင်ကာလာနေသောမြူ့အမေကိုတွေ့လိုက်၍အနားသို့ရောက်လာသည်နှင့်မြူ ဖက်လိုက်လေသည်။
မြူ့ အမေကဒီပါ့ ဘက်ကိုလှည့်ကာပြုံးပြလိုက်ပြီး..."သား ဒီပါ လမ်းရောက်ရင်တစ်ခုခုစားကြမယ်နော်"
"ဟုတ် အန်တီ""မေမေ သားကိုကျတော့မမေးဘူး"
"သားက မကျွေးလည်းစားမှာသိပြီးသားကို"ထိုအခါမှမြူလည်းရယ်ပြလိုက်ကာ...
"ပေး သားကိုအိတ်"
"ရတယ် ငါသယ်ခဲ့မယ် မြူ "အဂတ်စားအနည်းငယ်သာထည့်ခါးသောအိတ်ဖြစ်၍ဒီပါက ပေါ့ပေါ့ပါးပါးပင်ယူလိုက်လေသည်။
ပြီးသည်နှင့်သုံးယောက်သား လေယဉ်ကွင်းမှထွက်လာခဲ့ပြီး Taxiနှင့်သာလာခဲ့ကြရာ ကားပေါ်တွင်...."မေမေတို့မုန့်စားအုန်းမယ်မလား"
"ကျွန်တော်တော့မစားတော့ဘူး မြူ မင်းစားမှာလား""မစားတော့ဘူး မေမေစားချင်ရင်ဝင်လေ"
"တော်ပါပြီ မေမေလည်းပင်ပန်းလို့နားချင်ပြီ"မြူတို့အိမ်ရောက်တော့ မြူ့ အမေကနားအုံးမယ်ဆိုကာအပေါ်သို့တတ်သွားလေသည်။ ဒီပါလည်းမြူ နှင့်မြူ့အမေအားနှုက်ဆက်ကာ အိမ်သို့ပြန်လာခဲ့သည်။
မြူကခရီးဆောင်အိတ်ကိုင်ကာအပေါ်သို့တတ်သွားလိုက်ပြီးအပေါ်ရောက်သည်နှင့်အမေဖြစ်သူ၏အခန်းထဲသို့ဝင်လိုက်ကာ"မေမေ ပင်ပန်းနေပြီလား"
"အင်းနည်းနည်းပါ ခရီးဝေးမို့လို့""ဟုတ် အဲ့ဒါဆိုမေမေနားအုန်းလေ ညနေမှစကားပြောကြတာပေါ့"
"မေမေလည်းပြောစရာရှိတယ်""ဟုတ်"
ပြောပြီးသည်နှင့်မြူ ကခရီးဆောင်အိတ်ကိုခုတင်နားတွင်ချခဲ့ကာအောက်ထပ်သို့ဆင်းလာခဲ့သည်။မြူ တစ်ယောက် သူ့အားပြောစရာရှိသည်ဆိုသောကြောင့် သူ့အဘွားအကြောင်းပဲဖြစ်မည်ဟုတွေးလိုက်မိသည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...