Ep 28
မြူကသီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်၍အိပ်ချင်တိုင်းအိပ်နေကာခုထိမထသေးပေး။အချိန်ကား၉နာရီရှိပြီဖြစ်၍မြူ့အမေကတော့ဆိုင်သွားကာမြူကတော့ခုထိခုတင်ပေါ်တွင်ကွေးလို့ကောင်းတုန်းပင်။မြူလည်းအိပ်ယာကထချင်ပေမယ့် ဖွင့်လို့မရသောမျက်လုံးကြောင့်ပြန်အိပ်နေလိုက်သည်။
ဒီပါတစ်ယောက်ဒီနေ့ထူးထူးဆန်းဆန်းအစောကြီးနိူးနေလေသည်။ဒီပါ့အမေကမနက်စာပြင်ခဲ့ကာဆိုင်သွားပြီဖြစ်၍တစ်ယောက်တည်းဖြစ်နေလေပြီ။ထိုအချိန်ဒီပါကမနက်စာမစားသေးဘဲ မြူ့အိမ်ဘက်သို့ကူးလိုက်လေသည်။အိမ်ထဲရောက်တော့မြူ့အမေကိုမတွေ့၍ဆိုင်သွားပြီဆိုတာသိလိုက်သည်။ဒီပါလည်းအပေါ်ထပ်သို့တစ်ခါတည်းတက်သွားကာအခန်းတံခါးအားဖွင့်လိုက်သည်နှင့်ခုတင်ပေါ်တွင်စောင်တွေနှင့်လုံးထွေးကာအိပ်နေသောအကောင်ပေါက်။ဒီပါလည်းတစ်ချက်ပြုံးလိုက်ကာခုတင်နားသို့တိုးသွားလိုက်သည်။ပြီးသည်နှင့်မြူ အားနှိူးလိုက်လေသည်။
"မြူ ထ ထ မအိပ်နဲ့တော့"
"ဟင် မေမေရာ ခဏလေးပါ"မြူတစ်ယောက်သူ့အမေထင်ကာယောင်ပြီးပြောနေလေသည်။ဒီပါကယောင်နေသောမြူ ကိုသေချာကြည့်ကာ
"မြူ မင်းအမေ မဟုတ်ဘူး မင်းလင်"
"ဟင် ဟင်"မြူလည်းအခုမှမျက်လုံးမဖွင့်ချင်ဖွင့်ချင်နဲ့ဘေးကိုစောင်းကြည့်လိုက်သည်။ခုတင်ဘေးတွင်ဒီပါ့ကိုတွေ့မှမြူလည်းမျက်လုံးအကုန်ဖွင့်လိုက်ကာ...
"ခွန်း ဘာလာလုပ်တာလဲ"
"ဘာလဲ ငါကကိစ္စရှိမှလာရမှာလား" ဒီပါ့စကားကြောင့်မြူက....."မဟုတ်ပါဘူး မင်းကအစောကြီးလာလို့"
"ငါဒီနေ့အစောကြီးနိူးနေလို့""အွန်း အွန်း"တစ်အွန်းအွန်းဆိုကာခေါင်းညိမ့်၍ပြန်အိပ်သွားသောမြူကြောင့်ဒီပါလည်းသေချင်သွားသည်။
"မြူ ငါမင်းကိုထခိုင်းနေတာ ငါမနက်စာ မစားရသေးဘူးအတူတူစားမယ် ထတော့"
"ခဏလေးပါ ခွန်းရာ""အေး မင်း မထရင်ငါဟိုနေ့ကလိုနမ်းလိုက်မှာနော်"
"ဟင် "ဒီပါ့စကားကြောင့်အိပ်နေရာမှချက်ချင်းထလာသောမြူပါ။ဒီပါလည်းနိူင်ကွက်ရသည့်နှယ်ပြုံးလိုက်ကာ
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...