Ep 60

7.5K 337 7
                                    

Ep 60

အချိန်တွေကုန်လာခဲ့တာအခုဆိုရင်မြူလည်းသူ့အဘွားဆီရောက်တာ၂နှစ်လောက်ရှိနေပြီဖြစ်သည်။စည်သူကPhysicsနဲ့Ecoနှစ်ဘာသာပါတယ်ဟုပြောလာ၍ဖုန်းဆက်တုန်းကပျော်နေမိသည်။ပြီးသည်နှင့်အဘွားဖြစ်သူရဲ့အမွေကိုဆက်ခံဖို့စီးပွားရေးလိုင်းကိုရွေးရမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။စည်သူနှင့်ပြောနေရင်းတစ်ယောက်သောသူရဲ့အကြောင်းကိုဆက်ပြောချိန်တွင်စကားလမ်းကြောင်းလွှဲလိုက်မိသည်။ချစ်ခဲ့ပါတယ်သေလောက်အောင်ပဲအခုတော့အရမ်းကိုလွမ်းနေရတယ်။ဒါပေမယ့်ကိုယ်ရွေးခဲ့တဲ့လမ်းပဲမေ့နိူင်အောင်ကြိုးစားဖို့ပဲရှိတော့တာပေါ့။

အခုဆိုရင်စင်္ကာပူရောက်မှမေဂျာတူတဲ့
ခန့်သော်ဆိုတဲ့ မြန်မာနိူင်ငံသားသူငယ်ချင်းတစ်ယောက်လည်းရခဲ့ပြီ။အဘွားဖြစ်သူကကျောင်းနဲ့နီးအောင်ကျောင်းနားမှာပင် ကွန်ဒိုတိုက်ခန်းစီစဥ်ပေးထားသေးသည်။ခန့်သော်နှင့်လည်းအခန်းကဘေးချင်းကပ်ရပ်ဖြစ်၍ မြူလည်းအဖော်ရသွားသည်။သူများနိူင်ငံကကျောင်းသားတွေကြားမှာရှားရှားပါးပါးမြန်မာ
နိူင်ငံသားတစ်ယောက်ကိုသူငယ်ချင်းတော်ထားရ၍ကံကောင်းသည်ဟုဆိုရပေမည်။အခုလည်းနှစ်ယောက်သားလေ့ကျင့်ခန်းလုပ်ရင်းခန့်သော်ကဗိုက်အောင့်တယ်ဟုပြောကာအပေါ်သို့ အရင်တက်သွားလေသည်။

မြူတစ်ယောက်အခန်းထဲသို့ရောက်တဲ့အခါ ရေချိုးကာခေါင်းလျှော်လိုက်သည်။ပြီးသည်နှင့်ကျောင်းသွားရန်ပြင်ဆင်လိုက်သည်။အဘွားဖြစ်သူကနှစ်ပတ်အတွင်းနဲ့ကားမောင်းပါသင်ပေးကာ
ခန့်သော်နဲ့ပဲနှစ်ယောက်သားကျောင်းသို့ကားဖြင့်လာဖြစ်ကြသည်။မြူတို့လည်းကျောင်းမှာပဲမနက်စာစားကာပြီးသည်နှင့်အတန်းတတ်ကြသည်။

ညနေအတန်းတတ်ပြီးသည်နှင့်ခန့်သော်ကအခန်းပြန်သွားကာမြူကတော့အဘွားဖြစ်သူရှိရာသို့သွားရလေသည်။အဘွားအိမ်ကိုရောက်သည်နှင့်....

"သခင်လေး သခင်မကြီးကထမင်းစားဖို့စောင့်နေပါတယ်"
"ဟုတ်ကဲ့ဦးထွန်း"

ဦးထွန်းကတော့သခင်မကြီးရဲ့လူယုံတော်ဖြစ်ပြီး မြူကတော့ဦးထွန်းတောက်ကိုဦးထွန်းဟုသာခေါ်သည်။မြူလည်းထမင်းစားခန်းထဲရောက်သည်နှင့်....

မြူ(Complete)Where stories live. Discover now