Ep 54

5.8K 315 9
                                    

Ep 54

သကြင်္န်လေးရက်မှာအကြိုနေ့ကိုအတာအိုးထိုးပြီးအလှူလှူကာအကျနေ့မှာတော့ကားနှင့်လည်ပြီးနောက်ကျန်နှစ်ရက်ကိုမြူလည်းဘယ်မှမသွားဘဲအိမ်မှာသာအချန်ကုန်ဆုံးနေလိုက် သည်။ဒီပါလာတော့လည်းမတွေ့ချင်၍အခန်းတံခါးပိတ်ကာနေမကောင်းဘူးဟုအကြောင်းပြကာထွက်မတွေ့မိ။
ဒီနေ့တော့မြူလည်းသကြင်္န်ပြီးသွား၍အမေဖြစ်သူကဆိုင်သွားကာမြူကတော့ဧည့်ခန်းထဲတွင်ထိုင်ကာဖုန်းသုံးနေသည်။ထိုအချိန်ဒီပါရောက်လာကာ.....

"မြူ "
"........."

ဒီပါကလက်ထဲကအထုတ်တွေကိုအရှေ့ကခုံပေါ်တွင်တင်လိုက်ကာခေါ်လိုက်သော်လည်းမြူကတော့ဖုန်းကိုပဲဆက်ကြည့်နေသည်။ဒီပါကသူ့အားကျောပေးထားသောမြူကြောင့်.....

"မြူ နေကောင်းပြီလား ကိုယ်ပူလေးစမ်းချင်လို့ကိုယ့်ဘက်ကိုလှည့်ပါအုန်း"
"........."

ဒီပါခေါ်ပေမယ့် မလှည့်လာသောမြူကြောင့်ဒီပါကပခုံးကနေကိုင်ကာသူ့ဘက်သို့ဆွဲလှည့်လိုက်သည်။ပြီးသည်နှင့်နဖူးပေါ်သို့လက်တင်ကာအပူချိန်စမ်းလိုက်သည်။

"မြူ ကိုယ်မပူတော့ဘူးနော်လာပါအုန်း ဖုန်းပဲကြည့်မနေနဲ့"
"ဘာဖြစ်နေတာလဲကွာ"

မြူကဖုန်းကိုကြည့်နေရင်းစိတ်တိုနေသောအသံဖြင့်
ပြောလိုက်တော့ဒီပါက မျက်နှာပျက်သွားကာ.....

"ကိုယ်ကမြူ့ကိုလွမ်းလို့လေ ကိုယ့်ကိုဘာတွေစိတ်ဆိုးနေတာလဲပြောပါအုန်း"
"မဆိုးဘူး"

"ဟွန်း.... မဆိုးဘူးဆိုရင် ဘာလို့ကိုယ့်ကိုရှောင်နေတာလဲ"
"မရှောင်ပါဘူး ငါနေမကောင်းလို့"

"ဟုတ်လို့လား အဲ့ဒါဆိုလဲ ထားပါတော့"

ဒီပါကပြောရင်းပင်ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းလေးအားထုတ်လိုက်ကာလိုင်းထိုင်သုံးနေသည်။

ခဏအကြာ.....

အဟင့်!!! အင့်

ဒီပါတစ်ယောက် ဘေးနားတွင်အသံကြားလို့ကြည့်လိုက်တော့တရှူံ့ရှုံ့နှင့်ငိုနေသောမြူကြောင့်....

"ဟင် မြူ ငို ငိုနေတယ် ခေါင်းကိုက်လို့လား"
"ပြောလေ မြူရယ် ကိုယ်ဘာလုပ်ပေးရမလဲ ကလေးလေးရယ်"

မြူ(Complete)Where stories live. Discover now