Ep 50

7.5K 356 7
                                    

Ep 50

စာမေးပွဲပြီးတာနဲ့ငုဝါလည်းမန္တလေးကိုသူ့အမနဲ့ပြန်သွားပြီဖြစ်၍ဒီပါနှင့်အမေ ဖြစ်သူနဲ့သာအိမ်မှာရှိတော့လေသည်။​ဒီပါလည်းသွားတိုက်မျက်နှာသစ်ပြီးတာနဲ့အောက်ထပ်သို့ဆင်းလာချိန်
ဘုရားခန်းကနေ ထွက်လာတဲ့ဒေါ်နဒီကစောစောစီးစီးအိပ်ယာနိူးနေသောဒီပါ့ကိုတွေ့ကာအံ့သြနေလေသည်။

"ဟဲ့ သားထူးဆန်းလိုက်တာ အစောကြီးနိူးနေတာလား"

အချိန်က၇နာရီဖြစ်ပြီးအရင်ကဆိုကျောင်းပိတ်ရင်တောင်၈နာရီလောက်မှထတဲ့သူကဒီနေ့တော့အစောကြီးနိူးနေ၍ထူးဆန်းနေလေသည်။

"ဗျာ ဟီး ဟုတ်တယ်မေမေ ဒီနေ့ပြန်အိပ်တာမရတော့လို့ ထလိုက်တာ"

ဒေါ်နဒီကခေါင်းညိမ့်ရင်းဒီပါ့ပုခုံးအားဖက်လိုက်ကာအောက်ဆင်းလာလိုက်သည်။ပြီးသည်နှင့်မီးဖိုချောင်ထဲဝင်ကာ

"အဲ့ဒါဆိုလည်း မေမေနဲ့အတူ မနက်စာစားပါအုန်း အတူမစားရတာတောင်ကြာပြီ"
"ဟုတ်မေမေ"

"ဒါနဲ့သားဖုန်းကိုညကသားအံဆွဲထဲပဲထည့်ပေးခဲ့တယ်နော်"
"ဟုတ်လား သားမသိလိုက်ဘူး "

"သားကအိပ်နေပြီလေ ညကအစောကြီးပဲ"
"ဒါနဲ့ သားဘာလုပ်ပေးရအုံးမလဲ"

ဒီပါကမေးတော့ဒေါ်နဒီကပြုံးလိုက်ကာ

"ဘာမှလုပ်မပေးရပါဘူးကွယ် အိမ်မှာပဲနေပါနားနားနေနေ ကျောင်းပိတ်တုန်းလေး"
"ဟုတ် မေမေကပြီးရင်သွားတော့မှာမလား"

"ဟုတ်တယ် သား ဘာဖြစ်လို့လဲသား"
"ဟုတ် မေးကြည့်တာ ဟီး"

"ဪသားကိုပြောရအုန်းမယ် မေမေသူငယ်ချင်းရဲ့ခင်ပွန်းက Car showroomဖွင့်ထားတယ်လေ အဲ့ဒါမေမေကားဝယ်မလို့ အပြင်သွားရင်Taxiမစီးရတော့ဘူးပေါ့"
"အင်း မေမေပိုက်ဆံပိုလျှံရင်တော့ဝယ်ပါ သားကရပါတယ်ဘာနဲ့ပဲသွားသွား "

"ဒါဆိုမေမေဒီတစ်လောအလုပ်ပါးရင်သူတို့ဆီကိုကားသွားကြည့်လိုက်မယ်ပြီးရင်ဝယ်ကြတာပေါ့ မေမေလည်းအပျိုတုန်းကကားမောင်းသင်ထားလို့ပေါ့မဟုတ်ရင်အခုထိTaxiစီးနေရအုန်းမှာ"
"သားကိုလည်းနောက်ဆိုသင်ပေးနော် မြူနဲ့အတူတူမြို့ထဲသွားရမယ်"

မြူ(Complete)Where stories live. Discover now