Ep 41

7.2K 419 3
                                    

Ep 41

ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်၍ဒီပါနှင့်ငုဝါတို့အိမ်မှာပဲနေကြပေမယ့်မြူကတော့ရောက်မလာခဲ့ပါ။မနေ့ကလည်းညနေဘက်ဒီပါ့အမေပြန်လာချိန်တွင်အိမ်ပြန်သွား​ကာဝရန်တာကိုထွက်ကြည့်တော့လည်းအရိပ်ယောင်ပင်မတွေ့ရ၍ဒီပါတစ်ယောက်စိတ်ညစ်နေသည်။အမေဖြစ်သူကမရှိ၍ဒီပါလည်းခြံထဲတွင်ဆင်းထိုင်နေလိုက်သည်။

ထိုအချိန်ဝရန်တာသို့ထွက်လာသောမြူကြောင့်ဒီပါလည်းပျော်သွားရသည်။သို့ပေမယ့်မြူကဒီပါ့အားမတွေ့ဘဲအပျင်းကြောဆန့်ကာအိမ်ထဲ​ပြန်ဝင်သွားလေတော့ဒီပါလည်းမျှော်လင့်ချက်ရောင်ခြည်လေးပျက်စီးသွား၍မျက်နှာရှူံ့မဲ့သွားသည်။

ညနေကျူရှင်ရှိကြ၍ငုငါနှင့်နှစ်ယောက်အတူတူခြံပြင်သို့ထွက်လာကာမြူ့အိမ်ထဲသို့ဝင်သွားကြသည်။အိမ်ထဲဝင်ဝင်ချင်းအပေါ်ထက်ကနေဆင်းလာသောမြူကြောင့်ဒီပါလည်းသူ့ကိုခေါ်မယ်အထင်နှင့်မျှော်လင့်တကြီးကြည့်လိုက်မိသည်။
သို့ပေမယ့်အနားကိုရောက်သော်လည်းငုဝါကိုသာပြုံးပြကာဒီပါ့အားထားခဲ့၍နှစ်ယောက်သားစကားတပြောပြောနှင့်ကျူရှင်သို့သွားကာတစ်လမ်းလုံးလည်းဒီပါကလူပိုလိုပင်။

ကျူရှင်တွင်ဆရာမကစာသင်ပြီးချိန် ခဏအနားပေးထား၍ကျောင်းသားတွေအားလုံးမုန့်စားသူကစား စကားပြောသူကပြောနှင့်နေနေကြသည်။
ငုဝါကကျူရှင်ကသူ့သူငယ်ချင်းတစ်ယောက်နှင့်စကားပြောကာသူ့ဘာသာနေနေသည်။ဘေးနားတွင်မြူကတော့စာရွက်တွေသာလှန်နေကာဘာရှာနေလို့ရှာနေမှန်းမသိပေ။ဒီ​ပါလည်းရတဲ့အခွင့်ရေးကိုအပိုင်ယူလိုက်ကာ.....

"မြူ ဘာရှာနေတာလဲ ငါရှာပေးရမလား"
"မလိုဘူး တွေ့ပြီ"

ဒီပါတစ်ယောက်ကံတရားကသူ့ဘက်တွင်မပါ၍စိတ်တိုသွားကာနောက်တစ်နည်းစဥ်းစားနေပြီးလွယ်အိတ်ထဲတွင်နေ့လယ်ကဝယ်လာသောColaဘူးနှင့်အားလူးကြော်လေးကိုသတိရမိကာပြုံးလိုက်မိသည်။ချက်ချင်းပင်အအေးဘူးကိုထုတ်လိုက်ပြီးအာလူးကြော်ထုပ်ကိုဖောက်လိုက်ကာမြူ့ရှေ့သို့ တိုးပေးလိုက်သည်။

"မြူ အာလူးကြော်စားပါလား Colaလည်းဝယ်ပေးထားတယ်ဗိုက်ဆာနေတယ်မလား"
"မဆာဘူး"

မြူ(Complete)Where stories live. Discover now