Ep 27
ဒီနေ့တော့မြူနှင့်ဒီပါတို့အစောကြီးထကာစာပြန်နွှေးနေသည်။ဒီနေ့ကနောက်ဆုံးရက်ဖြစ်၍နောက်
ဆုံးနေ့မှာမလွဲအောင်သေချာလုပ်နေကြသည်။ဒီနေ့ပြီးရင်သီတင်းကျွတ်ကျောင်းပိတ်ရက်ဖြစ်၍
သီတင်းကျွတ်မှနားမည်ဟုတွေးထားကြသည်။စာကျက်နေရင်းအချိန်က၇နာရီ၄၅ဖြစ်သွားသည်။ကျောင်းတတ်ချိန်က၈နာရီခွဲဖြစ်ကာသို့ပေမယ့်ကျောင်းနှင့်အိမ်ကသိပ်မဝေး၍မိနစ်၂၀လောက်ဘဲနင်းရ၍အချိန်ရသည်။
မြူကစာအုပ်ကိုသိမ်းကာရေချိုးဖို့လုပ်ငန်းစတော့သည်။ဒီပါတစ်ယောက်စာအုပ်သိမ်းနေသောမြူ့ကိုကြည့်ကာ"မြူ စာမကျက်တော့ဘူးလား"
"ရပြီလေ ပြန်နွှေးရုံပဲကို ရေချိုးတော့မယ်" ဒီပါလည်းခေါင်းညိမ့်ကာ"အင်း ချိုးချိုး မင်းပြီးမှငါချိုးမယ်"ထိုအခါမြူက
"ငါအိမ်ပြန်ချိုးမှာ""ဟင် ဒီမှာမချိုးဘူးလား"
ဒီပါမေးတော့မြူကခေါင်းခါလိုက်ကာ...
"ငါကျောင်းစိမ်းမယူလာမိဘူး အဲ့ဒါကြောင့်"
မြူကပြောရင်းနဲ့ပင်ကျောပိုးအိတ်ယူကာထလိုက်လေသည်။ထိုအချိန် ဒီပါက မြူဘက်ကို့ကြည့်လိုက်ကာ...
"မြူ မနေ့ကလေ"
".........."ဒီပါကမပြောဘဲရပ်နေသောကြောင့်မြူလည်းဒီပါ့ဘက်သို့လှည့်လိုက်ကာနောက်ဆက်တွဲစကားကိုစောင့်ဆိုင်းနေသည်။
"မနေ့ကလေ မနေ့ကမင်းရဲ့First kissလား"
"ဟင်"မြူတစ်ယောက် ဒီပါရဲ့အမေးစကားကြောင့်မျက်လုံးပြူးသွားရသည်။မေးစရာရှားလို့ဒါမျိုးမှမေးရလားခွန်းဒီပါရယ်လို့သာပြောရင်းထုရိုက်ပစ်လိုက်ချင်မိသည်။
ဒီပါကတော့မတ်တပ်ရပ်နေသောမြူ့အားကြည့်ကာ ပြောလာမည့်အဖြေအားစောက့်ဆိုင်းနေဟန်။
"ဟို ဟုတ် ဟုတ်တယ် ဘာဖြစ်လို့လဲ"
"ဟင် ဒီတိုင်းမေးကြည့်တာပါ ရေသွားချိုးတော့လေ""အွန်း"
မြူတစ်ယောက် ချက်ချင်းပင်ကျောပိုးအိတ်ယူကာအခန်းထဲမှထွက်သွားလေသည်။ဒီပါတစ်ယောက် First kissဆိုသောအဖြေကြောင့်စိတ်ထဲမှာကျေနပ်သလိုလိုရှိသွားရသည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...