Ep 57
ဒီနေ့ကစေ့စပ်ပွဲနေ့ဖြစ်၍မုန့်တွေကော်ဖီတွေပြင်ဆင်ကာရပ်ကွက်လူကြီးတွေကိုဧည့်ခံနေသည်။
ထိုအချိန်ဒေါ်ခင်သူဇာရောက်လာသောကြောင့်..."ဟယ် ခင် လာပြီ"
"အေးပေါ့ကိုယ့်သားလေးလိုချစ်ရတဲ့ဒီပါလေးရဲ့ပွဲပဲဟာ ဒါနဲ့သားဒီပါကော""သားကမဆင်းလာသေးဘူးခင်ရဲ့ မိတ်ဆက်ပေးအုန်းမယ် ဒါကဇင်မာမြင့်တဲ့ ငုဝါလေးရဲ့မိခင်လေ အဖေကတော့ခွင့်ယူလို့မရလို့မပါလာဘူး ဒါကသူ့အမ နွယ်နီတဲ့"
"ဟယ် သမီးလေးတွေကအချောလေးတွေပဲ"ထိုအချိန်ဒီပါကအပေါ်ထပ်မှ ဆင်းလာကာအမေဖြစ်သူနားတွင်ထိုင်လိုက်သည်။လူကထိုင်သာထိုင်နေတာမျက်လုံးကတစ်ယောက်ယောက်ကိုလိုက်ရှာနေသည်။ထိုအချိန်ဒေါ်နဒီက....
"မနက်ဖြန်အောင်စာရင်းထွက်ပြီနော် ဒါနဲ့မြူလေးရော"
"မြူကလား ခုနကတော့အိပ်ယာထပြီတဲ့ စင်္ကာပူကသူ့အဘွားနဲ့ဖုန်းပြောနေတယ်လေ"
"ဪ သားမြူလေးကတော့အမှတ်ကောင်းမှာသေချာတယ်""ဒီလိုပါပဲ ကလေးတွေကိုအရမ်းကြီးဖိအားမပေးတာအကောင်းဆုံးပဲမလား ဖိအားများရင်သူတို့လည်းအဆင်မပြေတော့ဘူးလေ"
"ဟုတ်တယ် ဟုတ်တယ်"မြူတစ်ယောက်အိပ်ယာကနိူးတော့အရင်လိုတတ်ကြွလန်းဆန်းမနေပါ။ညကလည်းဘယ်လိုအိပ်ပျော်သွားမှန်းမသိပါ။ထိုအချိန်အဘွားဖြစ်သူဆီမှဖုန်းလာ၍ကိုင်လိုက်လေသည်။
"ဟယ်လို ဘွားဘွား နေကောင်းလား"
"ကောင်းပါတယ် မြေးလေးရယ် မြေးလေးလည်းဘွားဆီလာအုံးလေ ဘွားကမြေးလေးကိုပဲမျှော်နေရတာ""လာမှာပါဘွားရဲ့"
"ဒါနဲ့သားမေမေရော""မေမေကလား မေမေက သူ့အသိအိမ်မှာလေ"
"ဪအေးပါသားလေးရယ် ဘွားဆီလာအုံးနော်""ဟုတ်ကဲ့"
"ဘွားနားအုန်းမယ် မြေးလေးရေ တာ့တာ"ပြောပြီးသည်နှင့်အဘွားဖြစ်သူကဖုန်းချသွားသည်။မြူလည်းရေချိုးခန်းထဲဝင်ကာသွားတိုက်မျက်နှာသစ်လိုက်သည်။ပြီးသည်နှင့်ညအိပ်ဝမ်းဆက် အဖြူလေးနှင့်ပင်လှေကားမှပြေးဆင်းပြီးတစ်ယောက်သောသူဆီကိုခြေလှမ်းတို့ဦးတည်လိုက်သည်။မြူတစ်ယောက်အိမ်ထဲသို့ဝင်လိုက်သည်နှင့်ရယ်မောနေသောဒီပါကြောင့်ခြေလှမ်းတို့ရပ်တန့်သွားသည်။ဒေါ်နဒီကရယ်နေရင်းမြူ့အားတွေ့လိုက်ရ၍.....
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...