Ep 43

7K 386 4
                                    

Ep 43

မြူတို့လေးယောက်လုံးဘုရား​သို့Taxiနှင့်သာလာခဲ့ကြသည်။ပြီးသည်နှင့်ဘုရားအောက်ခြေသို့ရောက်လာပြီဖြစ်၍အကုန်လုံးကားပေါ်ကဆင်းလိုက်ကာမနက်စာလည်းမစားရသေး၍ဆိုင်တစ်ဆိုင်​တွင်ဝင်ထိုင်လိုက်သည်။
မနက်စာစားပြီးသည်နှင့်ဘုရားပါ်သို့တက်ချိန်
ဒီ​​ပါ့အမေကအရှေ့ကဆင်တူဝတ်ထားသောနှစ်ယောက်အားကြည့်ကာ.....

"ဆင်တူတောင်ဝတ်လာတယ်ပေါ့လူကြီးလေးတွေ"

ဒေါ်နဒီရဲ့အပြောကိုဒီပါကခပ်ပြုံးပြုံးဖြင့်.....

"ဒါပေါ့မေမေရဲ့ မေမေပန်းဝယ်မှာမလား"

"ဟုတ်တယ် သမီးလေးလာ သားတို့နှစ်ယောက်ကတော့လွတ်လွတ်လပ်လပ်သာသွားတော့ပန်းဝယ်အုံးနော်"

"ဟုတ်ကဲ့"

ဒေါ်နဒီကပန်းအရင်ဝယ်ပြီးတာနဲ့ဘုရားပေါ်တက်သွားလေသည်။ဒီပါကဖိနပ်တွေအားအိတ်တစ်အိတ်ထဲတွင်ထည့်ကာကိုင်ထားပြီး

"မြူ ပန်းဝယ်လေ"

"......"

မြူလည်းနှင်းဆီပန်းနှစ်စည်းဝယ်ကာဘုရားပေါ်သို့တတ်လာခဲ့သည်။ဘုရားပေါ်ရောက်တော့ဒီ​ပါကဖိနပ်အပ်သည့်နေရာသို့သွား၍ဖိနပ်တွေကိုအပ်လိုက်ကာမြူနှင့်အတူပန်းကပ်လိုက်သည်။တခြားသူတွေလိုနေ့နမ်အလိုက်အမည်မှဲ့ထားခြင်းမဟုတ်သောကြောင့်ဒီပါကတနဂ်နွေသားဖြစ်ကာမြူကအဂ်ါသားဖြစ်နေလေသည်။​ဒီပါကသူ့နေ့နမ်တွင်ပန်းကပ်ကာရှိခိုးပြီး၍မြူ့ဆီသို့သွားတော့အကောင်ပေါက်လေးရဲ့ပါးစပ်ကပွစိပွစိနှင့်ဘာတွေဆုတောင်းနေလဲမသိပါ။

"မြူ ဘာတွေအဲ့လောက်ဆုတောင်းနေတာလဲ "
"ဘာဆုတောင်းတောင်းပေါ့"

"ပြီးရောလေ လာမေမေတို့ဆီသွားမယ်"

မြူနှင့်ဒီပါတို့ဒေါ်နဒီဆီသို့သွားတော့ဘုရားရှိခိုးနေတာမပြီးသေး၍ခဏစောင့်လိုက်လေသည်။ခဏအကြာဒေါ်နဒီကဘုရားရှိခိုးပြီး၍.....

"သားတို့ရွှေသင်္ကန်းလှူအုန်းမယ်မလား"
"ဟုတ်ကဲ့"

လေးယောက်သားအလှူခံငှာနသို့သွားကာ​ရွှေသင်္ကန်းလှူလိုက်ကြသည်။ပြီးသည်နှင့်အလှူခံမဏ္ဍပ်သို့သွားကာအလှူလှူကြသေးသည်။

မြူ(Complete)Where stories live. Discover now