Ep 48

6.1K 344 3
                                    

Ep 48

ဒီပါတို့စာမေးပွဲပထမဆုံးနေ့မို့လို့မြူတို့တွေကျောင်းသို့စောစောလာခဲ့လေသည်။
မြူကအားလူးကြော်ထုပ်ကိုလက်တစ်ဖက်နှင့်ကိုင်ကာစားနေပြီးတစ်ဖက်ကစာအုပ်ကိုကိုင်ကာစာပြန်နွှေးနေလေသည်။ဒီပါက စာအုပ်ရောမုန့်ထုပ်ရောနှင့်အလုပ်ရှုပ်နေသောမြူ့ကိုကြည့်ကာ

"မြူ မုန့်ထုတ်ပေး"
"ဟင် စားမလို့လားရော့"

မြူကစာကိုကြည့်နေရင်းမုန့်ထုပ်အား ဒီပါ့ဆီသို့ပေးလိုက်သည်။စည်သူတို့နှစ်ယောက်ကတော့ဘေးနားမှာစာပြန်နွှေးနေရင်းဘာတွေပြောနေမှန်းမသိပါ။ဒီပါကလက်ထဲကမုန့်ထုပ်ကိုကိုင်ကာအာလူးကြော်ကိုယူလိုက်သည်။
ပြီးသည်နှင့်မြူ့ပါးစပ်နားတွင်တေ့လိုက်လေသည်။မြူကအရှေ့သို့ရောက်လာသောအာလူးကြော်ကိုကြည့်ကာ

"မင်းစားဖို့မဟုတ်ဘူးလား"
"မစားပါဘူး ငါကဗိုက်မဆာဘူး စားပါမြူရယ် ဟ"

မြူကဒီပါကျွေးသောအာလူးကြော်ကိုစားကာပြုံးလိုက်သည်။ထိုအချိန်ငုဝါနှင့်သီရိတို့ရောက်လာကာ
ငုဝါက

"မြူ ရော့အလူးကြော်ထုပ် နင်မနက်ကဝယ်နေတာတွေ့လို့ငါလည်းပိုဝယ်ခဲ့တာ"
"ကျေးဇူးငုဝါ" ငုဝါကအာလူးကြော်ပေးတော့ဘေးနားတွင်ရှိနေသောသီရိက......

"ငုဝါ ပြောတော့အဲ့ဒါကိုယ့်အတွက်ဆို"
"ဟင် သီရိအတွက်ကဒီမှာလေ ဖယ်ထားပါတယ်ရော့" ငုဝါပေးသောအာလူးကြော်ထုပ်ကိုသီရိကယူလိုက်ကာငုဝါလက်အားဆွဲ၍

"ခွင့်ပြုပါအုန်း လာငုဝါသွားမယ်"
"ဟုတ် ဟုတ်"မြူလည်းကြောင်တောင်တောင်နှင့်ပင် ဟုတ်လိုက်ရသည်။ပြီးသည်နှင့်အချိန်နီးလာပြီဖြစ်၍မုန့်ကိုလွယ်အိတ်ထဲသိမ်းကာစာအုပ်ကိုအရှေ့အိတ်ထဲသာထိုးထည့်လိုက်သည်။

စာမေးပွဲမဖြေခင်တစ်ပတ်လောက်တည်းက ကျူရှင်တွေကပိတ်ပေးပြီးသားဖြစ်၍ဖြေပြီးသည်နှင့်အိမ်သို့သာပြန်ခဲ့ကြသည်။ဒီပါကအရင်လိုမြူနဲ့ပဲစာကျက်မှာဖြစ်၍လွယ်အိတ်ကိုလွယ်ကာတစ်ခါတည်းပင်မြူ့အိမ်ကိုဝင်လိုက်လေသည်။ထိုအခါငုဝါကဒီပါ့ကိုကြည့်ကာ.....

မြူ(Complete)Where stories live. Discover now