Ep 39
၁၁လပိုင်းထဲဝင်လာပြီဖြစ်၍နောက်လစာမေးပွဲအတွက်ကျောင်းသားတွေအကုန်လုံးပြင်ဆင်နေကြလေသည်။ဒီတစ်ခါဖြေပြီးသည်နှင့်နောက်တစ်ခါဆို တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ကျောင်းသားတွေအကုန်လုံးစာကိုသာအာရုံစိုက်နေကြသည်။
ထိုအချိန်ဆရာမကဝင်လာကာစာမေးပွဲအတွက်အချိန်ဇယားပေးသွားကာစာကျက်ခိုင်းခဲ့သည်။
အချိန်တွေတရွေ့ရွေ့နဲ့ကုန်သွားကာကျောင်းဆင်းချိန်ရောက်လာခဲ့သည်။ညနေပိုင်းကျူရှင်ရှိ၍အိမ်ပြန်ပြီးအဝတ်စားလဲဖို့အတွက်ဒီပါလည်းအိမ်သို့ပြန်လာခဲ့သည်။ထိုအချိန်အိမ်ရှေ့တံခါးကပွင့်နေသည်။ဒီပါတစ်ယောက်သူ့အမေဖိနပ်အပြင်တခြားဖိနပ်ပါတွေ့၍ဧည့်သည်ရှိနေတယ်ဆိုကာသိလိုက်လေသည်။"ဪသားလေးလာပြီလား"
"ဟုတ်မေမေ""ထိုင်ပါအုန်းကွယ် မေမေပြောစရာရှိလို့"
"ဟုတ်""ဒီသမီးလေးနာမည်ကငုဝါတဲ့သားတို့ကျောင်းကပဲသမီးကိုသားသိလား"
"ဗျာ မသိဘူးမေမေ""ဪသမီးကလည်းဆယ်တန်းဘဲသားရဲ့Cခန်းကတဲ့ကျောင်းနှစ်ဝက်လောက်မှပြောင်းလာတာတဲ့"
"ဪအဲ့ဒါကြောင့်မသိတာနေမယ်သားနဲ့အခန်းမတူဘူးလေ""သမီးငုဝါကမမနွယ်နီရဲ့ညီမလေးလေအဲ့ဒါသမီးနွယ်နီကမန္တလေးကိုခဏပြန်မလို့တဲ့အဲ့ဒါငုဝါလေးကိုအိမ်မှာခဏခေါ်ထားရမှာ"
"ဪရတယ်လေ ဒါနဲ့သူကမန္တလေးမှာကျောင်းမတတ်ဘူးလား"ဒီပါမေးတော့ငုဝါကဒီပါ့ကိုမော့ကွညျ့လျုကျကာ...."အရင်ကအဲ့မှာတတ်တာပါမေမေတို့ကလည်းအစိုးရဝန်ထမ်းတွေဆိုတော့နယ်ကိုပြောင်းရတယ်လေ အဲ့ဒါမန္တလေးမှာကဆွေမျိုးမရှိဘူးဒီမှာလည်းမမရှိလို့ကျောင်းကိုတောင်မနည်းပြောင်းခဲ့ရတာ"
"အေးပေါ့နှစ်ဝက်မှဆိုတော့လည်းပြောင်းရတာခက်ခဲမှာပေါ့ကျူရှင်ကရော"
"ကျူရှင်က ဒီပါနဲ့တူတူပါဘဲ ငုဝါကဒီပါ့ကိုသိပါတယ် အန်တီ့သားမှန်းသာမသိတာ"
"ဪSorry ကျွန်တော်ကသတိမထားမိဘူး""ဟုတ်ရပါတယ်"
"ဒါဆိုခုကျူရှင်သွားရင်တစ်ခါတည်းလိုက်ခဲ့လေ"
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...