Ep 14

9.4K 623 9
                                    

Ep 14

ဒီပါလည်း မြူ့ အိမ်ထဲရောက်သည်နှင့်ဧည့်ခန်းထဲတွင်ဒေါ်ခင်သူဇာကိုတွေ့လိုက်ရ၍ပြုံးပြကာနှုက်ဆက်လိုက်သည်။

"အန်တီပြန်လာပြီလား"
"အေး သား မြူ ဆီလာတာလား"

"ဟုတ်တယ်အန်တီ"
"အေး အန်တီလည်းခုမှရောက်တာ မြူ ကအပေါ်မှာထင်တယ် တက်သွားလေ"

မြူ့အမေရဲ့စကားဆုံးသည်နှင့်ခေါင်းညိမ့်ပြကာအပေါ်သို့တက်သွားတော့သည်။ဒီပါလည်းအခန်းတံခါးဖွင့်လိုက်ချိန်မြူ အားမတွေ့၍ခုတင်ပေါ်တွင်သာထိုင်နေလိုက်သည်။

ကျွီ......တံခါးဖွင့်သံနှင့်အတူ ခါးပေါ်တွင်
တဘတ်တစ်ထည်ပတ်ကာထွက်လာသောမြူ။
ဒီပါတစ်ယောက်အသံကြားလို့လှည့်ကြည့်လိုက်ချိန်အပေါ်ပိုင်းဗလာကျင်းနှင့်ခေါင်းရေစိုဖြင့်ထွက်လာသောမြူ ကိုဒီပါကြည့်နေမိသည်။မြူ တစ်ယောက်သူ့ကိုကြည့်နေသောဒီပါကြောင့်နည်းနည်းရှက်သွားကာ...

"ခွန်း ဘာ ဘာလုပ်နေတာလဲ"
"ဟမ် ဪ အင်း....ငါလာစောင့်နေတာ"

မြူ ကဗီရိုနားသို့သွားကာအထဲကနေတဘတ်တစ်ထည်ကိုထုတ်လိုက်လေသည်။ပြီးသည်နှင့်ခေါင်းလျှော်ထားသောကြောင့်ဆံပင်သုတ်နေလိုက်သည်။ဒီပါတစ်ယောက် မြူ ရဲ့ဖြူ စွတ်နေသောအပေါ်ပိုင်းကိုကြည့်နေမိသည်။အောက်က တဘတ်ပတ်ထားသည်ကဒူးလောက်ဘဲရှိ၍ခြေသလုံးဖွေးဖွေးလေးတွေကအတိုင်းသားမြင်နေရသည်။ဒီပါတစ်ယောက်မြူ ကိုကြည့်နေချိန် ...

ဒုတ် ဒုတ်

'ဟင် ငါ ငါရင်ခုန်နေတာလား မြူ့ ကိုလေ ဒီပါစိတ်ထိန်းစမ်း'

ဒီပါလည်းအခုန်မြန်နေသော ကိုယ့်ရင်ခုန်သံကိုအတိုင်းသားကြားနေရ၍လန့်နေမိသည်။

ဒီပါကခေါင်းသုတ်နေသော မြူ ကိုကြည့်ကာ

"မြူ ဒီနားလာအုန်း"
"ဟင် ဘာဖြစ်လို့လဲ"ဒီပါကခေါ်တော့မြူ ကခေါင်းသုတ်နေရင်းခုတင်နားသို့လာလိုက်သည်။ဒီပါကမြူ့ လက်ထဲက တဘတ်ကိုယူကာ

"ငါသုတ်ပေးမယ်"
"ရပါတယ်ငါ့ဘာသာဘဲ...."

"တော်တော့မြူ ငါသုတ်ပေးချင်လို့"
".........." ဒီပါပြောတော့မြူ ကငြိမ်နေကာဒီပါခေါင်းသုတ်ပေးသည်ကိုခံနေသည်။ခဏအကြာဒီပါကခေါင်းသုတ်ပေးပြီး၍...

မြူ(Complete)Where stories live. Discover now