Ep 65

7.9K 325 6
                                    

Ep 65

မြူလည်းကားထဲကဆင်းလိုက်ကာပင်ပန်းနေပြီဖြစ်၍အခန်းထဲကိုသာဝင်လာခဲ့သည်။ထိုအချိန် ဒီပါကတံခါးပိတ်ခါနီးတွင်တံခါးကိုတွန်း၍အထဲသို့အတင်းဝင်လာပြီး....

"မြူ ဇေယျာနဲ့ကအဆက်သွယ်ရှိနေတာလား ဘယ်တုန်းတည်းကလဲ"
"မင်းနဲ့ဘာဆိုင်လို့လဲခွန်းဒီပါ အခုချက်ချင်းအခန်းထဲကနေထွက်သွား"

"မသွားဘူးပြောစမ်းမြူ ငါ့ကိုကျတော့အနားကပ်ခွင့်တောင်မပေးဘဲ အဲ့အကောင်ကိုကျတော့အနားမှာထားနေတယ်ပေါ့ဟုတ်လား"

မြူလည်း ပင်ပန်းနေသည်ကတစ်ကြောင်း၊အရှေ့က နေဘာမှမဟုတ်တာလေးကိုလာရစ်နေသောသူကြောင့်...

"ငါမင်းကိုပြောခဲ့တာမှတ်မိလား မင်းငါ့အပေါ်မကောင်းရင်ငါ့ဇေယျာနဲ့လက်တွဲမှာလို့အခုအဲ့ဒါကြောင့်ငါသူနဲ့....."

"အွန့် ဖယ်စမ်း အင့်"
"အဲ့ကောင်အကြောင်းကိုထပ်မပြောနဲ့မြူ ထပ်ပြောရင်းမင်းနှုတ်ခမ်းတွေကိုစုတ်ပြတ်သတ်အောင်နမ်းပစ်မယ်"

ဒီပါကပြောရင်းပင် တံခါးနှင့်သူ့ကိုယ်ကြားထဲ
တွင်မြူ့ကိုညှပ်ပိတ်ထားလိုက်လေသည်။မြူက ဒီပါ့ကိုတွန်းလို့ရသ​လောက်တွန်းလိုက်ကာ....


"ပြောတော့ဘာဖြစ်လဲ"

"ထပ်မပြောနဲ့ ငါအဲ့ကောင်အကြောင်းကိုတစ်စက်လေးမှတောင် မင်းဆီကနေပြောလာမှာကိုမကြားချင်ဘူး"
"ကျစ်!!! ဖယ်တော့ ငါ့ကိုလွှတ် အင့်"

ဒီပါက မြူ့လက်မောင်းအရင်းမှကိုင်ကာကုတင်နားသို့ခေါ်ဆွဲခေါ်လာပြီးမြူ့ကိုကုတင်ပေါ်သို့တွန်းချလိုက်သည်။ကုတင်ထက်သို့ ပုံ့ပုံ့လေးကျသွားသောမြူက အတင်းပြန်ထကာ ဒီပါ့ကိုမော့ကြည့်လိုက်ပြီး.....

"ပြောမှာပဲ မင်းလိုသစ္စာမရှိတဲ့ကောင်ထက်စာရင်ဇေယျာ့ကိုပဲ လက်တွဲလိုက်တာကမှကောင်းအုံးမယ်ဆိုတာသိရဲ့လား အလကားကောင်"

"မြူ ငါမင်းကိုလက်လွတ်ပေးမယ်လို့မင်းထင်နေတာလား"

"အဲ့ဒါငါ့အလုပ်မဟုတ် အင့် ဖယ် အွန့်"

ဒီပါက မြူ့ကိုပက်လက်အနေအထားသို့ပြန်တွန်းချကာ အပေါ်ကအုပ်မိုး၍ အနမ်းကြမ်းကြမ်းတွေပေးနေပြန်သည်။

မြူ(Complete)Where stories live. Discover now