Ep 21

8.3K 565 7
                                    

Ep 21

ဒီနေ့ကျူရှင်ကမနက်ပိုင်းအချိန်ရှိ၍မြူလည်းအစောကြီးထကာကျူ ရှင်သွားဖို့ပြင်ဆင်ရသည်။ရေချိုးခန်းမဝင်ခင် ဝရန်တာသို့ထွက်ကာအပြင်သို့ကြည့်လိုက်သည်။အချိန်ကား၅နာရီခွဲပဲရှိသေး၍လမ်းမီးတိုင်လေးတွေရဲ့မီူအလင်းရောင် ကရှိနေသေးသည်။

၇နာရီမှာကျူရှင်စမှာဖြစ်သော်လည်း ဒီပါ့အားနှိုးရအုန်းမှာဖြစ်၍ အစောကြီးထကာ ပြင်ဆင်ရမည်။၁၀တန်းမို့လို့ဖုန်းသိမ်းထား၍ ဖုန်းဆက်နှိုးဖို့ကလည်းအဆင်မပြေ လူကိုယ်တိုင်နှိုးမှထမယ့်သူဖြစ်ကြောင်းလည်းသိနေ၍ပင်။

After 20 minutes....

မြူလည်းရေချိုးပြီး၍ထွက်လာကာအဝတ်စားလဲပြီးသည်နှင့်ပျော့အိအိဆံပင်လေးကိုခေါင်းလိမ်းဆီထည့်ကာဖြီးရသေးသည်။ကျူရှင်ပြီးတာနဲ့ကျောင်းသွားရမှာဖြစ်၍ ကျောင်းစိမ်းပဲတစ်ခါတည်းလဲလိုက်သည်။ပြီးသည်နှင့်ကျောပိုးအိတ်ယူကာအောက်ဆင်းလာခဲ့သည်။

မနက်ဆိုမြူ့အမေက ကိုယ်ပိုင်ဆိုင်ဖြစ်၍ ၆နာရီမှထကာ၆နာရီခွဲလောက်မှဆိုင်သွားသောကြောင့်မနိူးသေးပေ။မြူ ကမနက်စာတောင်မစားတော့ဘဲဒီပါ့အိမ်ဘက်သို့ကူးလိုက်သည်။ကျူ ရှင်သို့အစောကြီးသွားရတဲ့နေ့တိုင်းသော့အပိုယူထားသောကြောင့် ရှိနေသောသော့အပိုနှင့်ခြံတံခါးရောအိမ်တံခါးရောဖွင့်ကာဝင်သွားလိုက်သည်။

ခြေသံမကြားအောင်ဖွဖွနင်း၍ ဒီပါရှိသောအပေါ်ထပ်သို့တတ်လာခဲ့သည်။အခန်တံခါးခေါက်တော့ပြန်ဖြေသံမကြား၍တံခါးလက်ကိုင်ကိုလှည့်လိုက်တော့Lockမချထားသောကြောင့်ဝင်လိုက်သည်။ထင်သည့်အတိုင်းပင်ခုတင်ပေါ်မှာသိုးနေအောင်အိပ်နေသောဒီပါ့ကိုတွေ့လိုက်ရ၍ကျောပိုးအိတ်ကိုခုံပေါ်တင်ကာခုတင်နားသို့သွားကာနှိုးရပေသည်။

"ခွန်း ခွန်း ထစမ်း"
"........"

"ခွန်း ထစမ်း ကျူရှင်သွားဖို့ပြင်ရအုန်းမယ်လေ"
"အွန်း.....ခဏလေးပါ "

မျက်လုံးမဖွင့်ဘဲပြောနေသောဒီပါကြောင့်မြူ ကပခုံးကနေကိုင်ကာထခိုင်းလိုက်သည်။

"ထစမ်း ခွန်း ငါတစ်ယောက်တည်းသွားလိုက်မှာနော်"
" စကားများလိုက်တာ ခွေးပေါက်ရယ်"

မြူ(Complete)Where stories live. Discover now