Ep 9

9.7K 661 20
                                    

Ep 9

မြူ တစ်ယောက်ညကဒီပါ့ အိမ်မှာပဲ စာကျက်ရင်းအိပ်ဖြစ်သွားလေသည်။မြူ လည်းနိူးလာသည်နှင့်ခုတင်ပေါ်ကဆင်းကာရေချိုးခန်းထဲဝင်၍ မျက်နှာသစ်လိုက်လေသည်။သွားတိုက်တံကတော့အမြဲတမ်းနှစ်ချောင်းရှိနေလေသည်။ဒီပါ့အိမ်ကိုမြူ ကမကြာခဏလာ၍
နှစ်ချောင်းထားထားခြင်းဖြစ်သည်။မြူ့အိမ်ကိုလည်းဒီပါလာပြီးညအိပ်လေ့ရှိ၍မြူ အခန်းတွင်လည်းသွားတိုက်တံနှစ်ချောင်းကအမြဲတမ်းရှိလေသည်။

မြူ ရေချိုးခန်းကထွက်တာနဲ့ ဝရန်တာဘက်သို့သွားလိုက်ကာ အိမ်ဘက်သို့ကြည့်တော့ဒီပါတို့အိမ်လိုပဲ မြူတို့အိမ်သည်လည်းဝရန်တာလေးတွေပါသည်။မြူ တစ်ယောက်လေကိုဝအောင်ရှူ လိုက်ကာကုတင်နားသို့လာလိုက်သည်။ပြီးသည်နှင့်ဒီပါအားနှိူးရတော့သည်။

"ခွန်း ထတော့လေကျောင်းသွားမယ် "
"ဟင် ခဏနေအုန်းမြူ ၅မိနစ်"

"မရဘူး အခုထတော့ ကျောင်းသွားချိန်မမှီဘဲနေမယ်"

"အာ... မြူ ရယ်မင်းသာကောင်မလေးဆိုငါမကြိုက်ဘူးသိလား"

"ဘာလို့လဲ"
"စကားများလို့"

ပြောရင်းပင်ဒီပါကမြူရဲ့ဆံပင်ကိုဖွသွားကာရေချိုးခန်းထဲသို့ဝင်သွားသည်။မြူ ကတော့မနက်စောစောစီးစီး ဒီပါရဲ့မကြိုက်ဘူးဆိုသောစကားကြောင့်ဝမ်းနည်းသွားရလေသည်။ပြီးသည်နှင့်ကုတင်ပေါ်ကမွှေ့ယာတွေစောင်တွေကိုခေါက်နေလိုက်သည်။

မြူ နဲ့ဒီပါတို့နှစ်ယောက် ကျောင်းဝန်းထဲသို့ရောက်ချိန်စက်ဘီးထားသည့်နေရာသို့စက်ဘီးကိုသွားထားလိုက်လေသည်။ဒီပါနှင့်မြူ တို့ကျောင်းခန်းပေါ်သို့လျှောက်လာချိန်လမ်းမှာ Aခန်းကနှင်းပွင့်ကိုတွေ့လိုက်ရသည်။နှင်းပွင့်ကဒီပါ့အားပြုံးပြကာ ...

"ဒီပါ နေ့လယ်ကျရင်တွေ့ရအောင်နော်"
"အင်း စောင့်နေလေ ခုတော့သွားပြီ"
"ဟုတ်" ဒီပါကနှင်းပွင့်အားနှုက်ဆက်ကာအခန်းထဲသို့ဝင်လာလိုက်သည်။မြူ ကတော့မျက်နှာမကောင်းစွာဖြင့်ဒီပါနောက်မှဝင်လာခဲ့သည်။တကယ်ပါဒီပါသူ့ကိုမချစ်ရင်နေပါစေ။သို့ပေမယ့် တခြားသူနှင့်တွဲ မြင်နေရရင်ကိုစိတ်ထဲမှာ အဆင်မပြေတာတော့အမှန်ပေ။

မြူ(Complete)Where stories live. Discover now