Ep 31
ဒီပါလည်းဘေးအခန်းကိုသန့်ရှင်းရေးလုပ်ပြီး အခန်းထဲပြန်ဝင်လာတဲ့အချိန်ထိမနိူးသေးသောမြူကြောင့် ရေဝင်ချိုးလိုက်ကာတစ်ခါတည်းခေါင်းပါလျှော်လိုက်သည်။ရေချိုးရင်းလည်းတစ်ခုခုကိုတွေးကာပြုံးနေလေသည်။ခဏအကြာပြန်ထွက်လာပြီးအဝတ်စားလဲလိုက်ကာ တဘတ်ကိုနေရာတကျပြန်ထားလိုက်သည်။ထိုအချိန်ခုတင်ပေါ်တွင်အိအ်နေသောမြူလည်းနိူးလာလေသည်။
"ရေ ရေဆာတယ်"
"ဟင် မြူ နိူးပြီလား ရေလား ခဏလေး ပေးမယ် "ဒီပါလည်းအမြန်ပင်ခုံပေါ်တင်ထားတဲ့ရေခရားလေးထဲမှရေကိုခွက်ထဲထည့်ကာပေးလိုက်သည်။
"ရေကိုနည်းနည်းပဲသောက်နော် ရေစိမ်းတွေမသောက်ရတော့ဘူး "
"ဟင် ငါမင်းအိမ်မှာပဲရှိသေးတာလား"မြူ့အမေးကြောင့်ဒီပါကခေါင်းညိမ့်လိုက်ကာ....."ဟုတ်တယ်လေ ခင်ဗျားလေးကဖျားနေလို့မနက်ကမှဆရာဝန်နဲ့ပြထားရတာ အခုရောသက်သာလား ဘယ်နေရာနာနေသေးလဲ ပြီးရင်ခြေထောက်ကိုဆေးလိမ်းရမယ်နော် ဆရာဝန်ကတော့လိမ်းပေးသွားသေးတယ်ညနေမှထပ်လိမ်းပေးမယ် ခေါင်းတွေရောကိုက်နေသေးလား အခုရက်ပိုင်းငါ့အိမ်မှာပဲနေရမယ်မြူ အန်တီ့ကိုမင်းဖျားနေတာ မပြောရသေးဘူး စိတ်ပူနေမှာစိုးလို့"
စကားကိုစစ်သေနပ်ပစ်သလိုပြောနေသောဒီပါကြောင့်မြူတစ်ယောက်ခေါင်းတွေပိုကိုက်လာကာ...
"ခွန်း တော်ပါတော့မမောဘူးလား ဒီလောက်ပြောနေတာ ငါခေါင်းမူးလာပြီ"
မြူ့အပြောကြောင့်ဒီပါလည်းစိုးဏိမ်သွားကာ.....
"ဟင် ဟုတ်လား ခဏလေးပြန်မအိပ်နဲ့အုန်းနော် ငါဆန်ပြုတ်နွှေးပြီးပြန်လာခဲ့မယ် ခဏလေးနော်မြူ "
ဒီပါလည်းအောက်ထပ်သို့အမြန်ဆင်းကာဆန်ပြုတ်နွှေးရန်မီးဖိုခန်းထဲသို့အမြန်ဝင်လိုက်လေသည်။
မြူလည်းခုတင်ပေါ်တွင်ခေါင်းအုံးကိုနည်းနည်းလေးထောင်ကာမှီနေလိုက်သည်။အခုတလော သူ့အားထူးထူးဆန်းဆန်းအပြုမူတွေလုပ်နေသောဒီပါကိုလည်းနားမလည်နိူင်ဖြစ်နေရသည်။ဆယ်မိနစ်လောက်အကြာ....
ဒီပါလည်း နွှေးပြီးသွားသောဆန်ပြုတ်ပန်းကန်ကိုကိုင်ကာအပေါ်သို့တက်လာခဲ့လေသည်။အခန်းထဲရောက်သည်နှင့်ခုတင်ပေါ်တွင်ဘေးတစ်စောင်းထိုင်ကာမြူအားဆန်ပြုတ်တိုက်ဖို့လုပ်လိုက်သည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...