Ep 64
ဒီပါက ဒီနေ့တော့ရုံးပိတ်၍အစောကြီးထကာကော်ဖီဆိုင်သွားဖို့ ပြင်ဆင်နေသည်။
ဆိုင်မသွားခင်မြူ့အခန်းရှေ့သို့လာတော့တံခါးလော့ချထား၍မဝင်တော့ဘဲ မနက်စာအတွက်ပေါင်မုန့်ကြက်ဥကြော်နှင့်ကော်ဖီကိုသာပြင်ပေးခဲ့ပြီးကားယူ၍အပြင်ထွက်သွားတော့သည်။
မြူလည်းအိပ်နေတဲ့အချိန်ဖုန်းလာသည်နှင့်ခေါ်ဆိုသူကိုကြည့်လိုက်တော့ခန့်သော်ဖြစ်နေ၍ကိုင်လိုက်ပြီး
"ဟယ်လို ခန့် ရောက်ပြီလား""......"
"အေးဝင်ခဲ့လေ "
ခန့်သော်ကမြူ ရဲ့ခြံရှေ့ရောက်ပြီဖြစ်၍တံခါးဖွင့်ကာအိမ်ထဲသို့ဝင်လာခဲ့သည်။ပြီးတာနဲ့ခန့်လည်းအပေါ်သို့တက်လာခဲ့ပြီး.....
ဒေါက်...ဒေါက်...
ခန့်သော် တံခါးခေါက်လိုက်သည်နှင့်မြူက
ကုတင်ပေါ်မှဆင်း၍ဖွင့်ပေးလိုက်သည်။
"ခန့် ဝင်ခဲ့လေ"
"မြူ ခွေးလေး အခုထိသေနေတုန်းဟုတ်လား"
"မင်းကလည်း အခုမှ၇နာရီပဲ ရှိသေးတာကို မင်းကသာစောနေတာ ဒါနဲ့ငါ့အိမ်ကို တော်တော်ရှာလိုက်ရလား"
"သိပ်တော့မရှာလိုက်ရပါဘူး ထတော့ကွာ ဗိုက်ဆာနေပြီ"
"အေးပါကွာ ဒါနဲ့ဇေယျာ့ကရောလာမှာလား"
"သူကလား ဖုန်းတော့ဆက်ထားတယ်လာမယ်တဲ့"
မြူလည်း ခေါင်းညိတ်ကာရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။သွားတိုက်နေရင်းခေါင်းထဲတွင်ရုတ်တရက်ဒီပါ့ကိုသတိရသွားသည်။
'မနိူးသေးတာများလား ငါအခန်းက လော့ချထားလို့မလာတာလား'
"မြူရေ မြန်မြန်လုပ်"
မြူလည်းအပြင်ကနေအော်နေသောခန့်သော်ကြောင့်ဆက်မတွေးတော့ဘဲလုပ်စရာရှိတာသာလုပ်လိုက်သည်။ခဏအကြာရေချိုးပြီး၍ပြန်ထွက်လာကာအပြင်သွားရန်အဝတ်အစားလဲလိုက်သည်။အချိန်တွေသာကုန်လို့အသက်တွေသာတစ်နှစ်ထက်တစ်နှစ်ကြီးသွားတယ်မြူ့ရဲ့ဆံပင်အုပ်အုပ်နဲ့အသားဖြူဖြူချစ်စရာကောင်းသောမျက်နှာလေးကမပျောက်ပျက်သွားပေ။မြူကရှပ်အဖြူနှင့်ဘောင်းဘီအနက်လေးအားတွဲဝတ်လိုက်ပြီး မှန်ရှေ့တွင် အဆင်ပြေမပြေတစ်ချက်ကြည့်လိုက်လေသည်။။
ဆံပင်လေးကိုဂျယ်လိမ်းလိုက်ကာအရှေ့ကိုသာချထားလိုက်သည်။ပြီးသည်နှင့်ခန့်သော်နှင့်အတူတူအောက်ဆင်းလာလိုက်သည်။
မြူနှင့်ခန့်သော်တို့နှစ်ယောက်မနက်စာစားဖို့ပြင်ဆင်နေပြီးခန့်သော်ကအုံ့စောင်းကိုဖွင့်လိုက်ချိန်....
"မြူ ဒါကဘယ်တုန်းကထကြော်ထားတာလဲ"
"ဟင်ဘာကိုလဲ"
မြူကခန့်သော်ပြောတာကိုလှည့်ကြည့်လိုက်ချိန်အသည်းပုံ ဖော်ထားတဲ့ကော်ဖီတစ်ခွက်နဲ့အတူကြက်ဥပေါင်မုန့်ကြော်ကိုပါတွဲမြင်လိုက်ရသည်။မြူလည်းကြော်လက်စ ထမင်းကြော်ကိုဆက်ကြော်လိုက်ကာရပြီဆိုတာနဲ့ပန်းကန်ထဲထည့်လိုက်သည်။
"မြူ ကော်ဖီကမင်းလုပ်ထားတာလား "
"မဟုတ်ပါဘူး "
"အဲ့ဒါဆိုဘယ်သူလဲ"
"ထားလိုက်ပါအသိတစ်ယောက် ဒါနဲ့မင်းကကော်ဖီသောက်မှာလား ထမင်းကြော်လား"
"ထမင်းကြော်ကမစားရတာကြာပြီ ကော်ဖီတော့မသောက်တော့ဘူး ပေး ပေး ထမင်းကြော်ငါ့ကို"
ခန့်သော်ကပြောရင်းပင်ထမင်းကြော်ပန်းကန်အားဆွဲယူကာစားနေသည်။မြူကတော့ အရှေ့ကမနက်စာကို
ကြည့်တာနဲ့ဒီပါလုပ်ပေးသွားမှန်းသိလိုက်သည်။ခန့်သော်က စားနေရင်း.....
"မြူ ငါမင်းဆီလာတုန်းကလေ မင်းခြံထဲကနေကားနဲ့လူတစ်ယောက်ထွက်သွားတာတွေ့လိုက်တယ်"
"အဟွတ် ဟုတ်လား အသိတစ်ယောက်ပါ စားတော့စကားများလိုက်တာ"
မြူတစ်ယောက်ဆက်မေးမှာစိုးလို့စကားကိုအမြန်ဖြတ်လိုက်သည်။
"ပြောပြတာကို...."
STAI LEGGENDO
မြူ(Complete)
Storie d'amoreရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...