Ep 33

7.5K 474 9
                                    

Ep 33

မြူအိပ်ယာကနိူးလာ​တော့ခုတင်ပေါ်တွင်သူတစ်ယောက်တည်းသာဖြစ်နေ​ေလသည်။မြူလည်းရေမချိုးရသေး၍တဘတ်ယူကာရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။နေကောင်းတာမကြာသေး၍ရေနွေးနွေးလေးကိုအကြာကြီးမချိုးဘဲမြန်မြန်ပင်ချိုးလိုက်သည်။ပြီးသည်နှင့်ပြန်ထွက်လာကာညအိပ်ကာတွန်းဝတ်စုံလေးပဲဝတ်ထားလိုက်သည်။အချိန်ကား၆နာရီဖြစ်၍ဝရံတာကနေလမ်းမီးတိုင်လေးတွေကိုမြင်နေရသည်။မြူလည်းဖွာနေသော​ဆံပင်များကိုခေါင်းလိမ်းဆီထည့်ကာ အောက်သို့ဆင်းလာလိုက်သည်။ဧည့်ခန်းထဲတွင်ဘယ်သူမှမရှိ၍မီးဖိုးချောင်နားကိုသွားတော့ဟင်းချက်နေသောဒီပါ့အမေအားတွေ့လိုက်ရသည်။ဘေးနားမှာလည်းနွယ်နီကိုတွေ့၍မြူလည်းအသာလေးဝင်သွားလိုက်သည်။

"ဟယ် သားလေး နေကောင်းပြီလား အန်တီလည်းသီတင်းကျွတ်ဆိုတော့ဆိုင်နဲ့အလုပ်ရှုပ်နေလို့ခနခနလာမကြည့်ဖြစ်ဘူး"
"ရပါတယ် အန်တီ ဒါနဲ့မေမေကော သားကိုမေးသေးလား"

"မေးပါတယ်သားရယ် သူလည်းမအားဘူးကွဲ့ဆိုင်မှာပဲရှုပ်နေတာ အဲ့ဒါကြောင့်အိမ်မှာထားရင်လည်းသားတစ်ယောက်တည်းဆိုပြီးဒီပါနဲ့ထားလိုက်တော့တာ စိတ်မပူနဲ့သားနေမကောင်းတာကိုအန်တီမပြောထားဘူး စိတ်ပူနေမှာစိုးလို့"
"ဟုတ်ကဲ့ အန်တီ"

"ဒါနဲ့ခြေထောက်ကသက်သာပြီလား ဒီ​ပါပြောတော့သူ့ကြောင့်ဆိုဟုတ်လားသား"
"ဗျာ မ မဟုတ်ပါဘူး သားကဒီပါ့ကိုစလိုက်တော့သူကစိတ်ဆိုးသွားတာ အဲ့ဒါနဲ့သားလိုက်ချော့ရင်းခြေခေါက်သွားတာပါ"

"ကဲကဲထားပါတော့ ထမင်းစားမယ် လာလာ"
"ဒါနဲ့ခွန်းရော အန်တီ"
"သူကလား အပြင်ခဏသွားမယ်ဆိုပြီးထွက်သွားတာအဲ"

နွယ်နီကတော့ဟင်းပွဲတွေပြင်နေရင်းစကားပြောနေသောမြူတို့နှစ်ယောက်အားပြုံးကြည့်နေလေသည်။

"ဒါဆိုခွန်းလာမှပဲသားစားတော့မယ် အန်တီ"

"သားသဘော အန်တီကတော့ဗိုက်ဆာလို့စားတော့မယ် သားရေ သမီးနွယ်နီလည်းတစ်ခါတည်းစားလေ"
"ဟုတ်အန်တီ"

မြူလည်းပြုံးပြကာ မီးဖိုချောင်မှထွက်လာလိုက်ပြီး ခြံထဲကဒန်းလေးပေါ်တွင်ဆင်းထိုင်နေလိုက်သည်။ကောင်းကင်ကကြယ်တွေကိုကြည့်ရတာကြိုက်သောမြူအတွက် ဒီလိုလေးနေရတာကကောင်းတယ်ဟုဆိုရမည်။အိမ်ဘက်ကိုကြည့်လိုက်တော့မီးမထွန်းထား၍ အမေဖြစ်သူမလာသေးဘူးဆိုတာ မြူသိလိုက်သည်။
မြူလည်းဒန်းပေါ်တွင်လှဲလိုက်ကာငြိမ်ငြိမ်လေးနေ၍မျက်လုံးများမှိတ်ထားလိုက်သည်။

မြူ(Complete)Where stories live. Discover now