Ep 16
ဒီပါတစ်ယောက်မြူ အဝတ်လဲနေ၍မြူ့အိမ်ရဲ့ဧည့်ခန်းထဲတွင်စောင့်နေလေသည်။ အပေါ်ထပ်မှဆင်းလာ သောမြူအား မော့ကြည့်လိုက်တော့လက်ကျအင်္ကျီအဝါရောင်လေးနှင့်ဒူးလောက်ရှိတဲ့ဘောင်းဘီအဖြူရောင်လေးကိုတွဲဝတ်ထားသောကြောင့်ခြေသလုံးသားဖွေးဖွေးလေးတွေကအတိုင်းသားမြင်နေရသည်။မြူကအပေါ်ထပ်မှဆင်းလာပြီဒီပါ့ကိုပြုံးပြကာ...
"ခွန်းသွားမယ်လေ"
"မင်းမှာဝတ်စရာဒါပဲရှိတာလား"ဒီပါ့အပြောကြောင့်မြူတစ်ယောက်ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်ကာ...
"ဘာ ဘာဖြစ်လို့လဲဟင် ဘယ်နေရာပြဲနေလို့လဲ"
"ကျစ် ဘာမှမပြဲဘူးသွားမယ်" ပြောပြီးရင်းပင်အရှေ့ကနေထွက်သွားသောဒီပါကြောင့်မြူ တစ်ယောက်ခေါင်းကုတ်ရပြန်သည်။တစ်ခုခုဆို စိတ်ဆိုးဖို့ပဲပြင်နေသောလူက မိန်းကလေးတစ်ယောက်လိုပင်။ဒီပါနှင့်မြူ တို့ရုပ်ရှင်ရုံကသိပ်မဝေးသောကြောင့်Taxiနှင့်မသွားဘဲ Busသာစီးသွားသည်။Bus ကလူကြပ်တာကြောင့်ထိုင်ခုံကနေရာသိပ်မရှိပေ။ကားပေါ်ရောက်ရောက်ချင်းထိုင်စရာနေရာ တစ်နေရာစာရှိ၍ဒီပါက မြူ ကိုထိုင်ခိုင်းလိုက်သည်။ဘေးနားတွင်လူတစ်ယောက်လည်းရှိနေ၍ဒီပါကတော့မတ်တပ်ရပ်ရင်းသာနေနေသည်။မြူ့ကိုကြည့်တော့နားကြပ်တတ်ရင်းသီချင်းနားထောင်နေပုံရသည်။ဘေးနားကလူကတော့မြူ့ကိုပြုံးပြီးကြည့်နေ၍ ဒီပါတစ်ယောက်မျက်မှောင်ကြုတ်လိုက်မိသည်။ခဏအကြာဒီပါကမြူ့လက်ကိုဆွဲကာထခိုင်းလိုက်လေသည်။
မြူ တစ်ယောက်ရုတ်တရက်လက်ကိုလာဆွဲသောဒီပါကြောင့်မော့ကြည့်လိုက် တော့ သူ့အားထခိုင်းနေသောကြောင့် ထိုင်နေကာမှထလိုက်သည့်အချိန် ဒီပါက မြူ ထိုင်သည့်နေရာတွင်ဝင်ထိုင်လိုက်ကာမြူ့လက်ကိုဆွဲချ၍သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်လေသည်။ရုတ်တရက်ပေါင်ပေါ်ရောက်သွားသောအခြေအနေကြောင့်မြူ ကြောင်သွားလေသည်။
"ခွန်း ဘာ ဘာလုပ်တာလဲ"
"ဘာလုပ်လို့လဲ" ဒီပါက မသိချင်ယောင်ဆောင်ပြီးပြောလိုက်တော့"ငါမထိုင်ရလည်းရပါတယ် မတ်တပ်ပဲ ရပ်လိုက်တော့မယ်နော်" ချက်ချင်းထဖို့လုပ်နေသောမြူကိုဒီပါကခါးကနေဖက်ထားလိုက်ကာ
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...