Ep 40

7.9K 414 18
                                    

Ep 40

နေ့လယ်ထမင်းစားချိန်တွင်ဒီပါကထမင်းချိုင့်နှစ်ချိုင့်တောင်ဖြစ်နေ၍စည်သူတို့ကသေချာကြည့်နေသည်။

"ဟေ့ကောင် မင်းကဘယ်လိုလုပ်နှစ်ချိုင့်တောင်ဖြစ်နေတာလဲ"
"ဒါက ကောင်မလေးတစ်ယောက်ကိုကျွေးရမှာ"

ပြောရင်းဆိုရင်းအတန်းထဲဝင်လာသောငုဝါ
ကြောင့်ကျန်တဲ့ကျောင်းသားကျောင်းသူတွေအကုန်ဝိုင်းကြည့်နေကြသည်။ငုဝါလာတော့ဒီပါကဘေးနား​တွင်လွတ်နေသောခုံကိုယူကာထိုင်ခိုင်းလိုက်သည်။

"ဒါကငုဝါတဲ့ ငါ့အမတစ်ယောက်ရဲ့ညီမလေငါတို့အိမ်မှာခဏနေနေတာ အဲ့ဒါကြောင့်ငါမှာစောင့်ရှောက်ရမယ့်တာဝန်ရှိတယ်"
"ဪငါကစည်သူ ဒါကပြည့်ဖြိုးတဲ့"

"ဟုတ် ငါကငုဝါပါ"
"ငုဝါထည့်စားနော် အရင်ကဆိုငါကထမင်းချိုင့်သိပ်မလုပ်ဘူး မြူ ရှိရင်အဆင်ပြေပြီ"

"ဟုတ် ရပါတယ်"
"နောက်နေ့ဒီမှာမစားချင်လည်းရတယ်နော် ဒီမှာကျတော့မိန်းကလေးဆိုလို့ငုဝါတစ်ယောက်တည်းဆိုတော့အဆင်မပြေမှာစိုးလို့"

"ရပါတယ် အတန်းထဲမှာလည်းတစ်ယောက်ထဲပဲစားရတာ ငုဝါကဆက်ဆံရေးညံ့တော့သူငယ်ချင်းသိပ်မရှိဘူး"
"အဲ့ဒါဆိုငါတို့နဲ့ပဲစားတော့"

အကုန်လုံးစားနေချိန်စည်သူကပြည့်ဖြိုးအားသေချာဂရုစိုက်နေ၍ငုဝါတစ်ယောက်ကြည့်နေမိသည်။စည်သူကသတိထားမိကာ

"ငုဝါငါတို့ကထူးဆန်းလို့လား"
"ဟင် ဟိုအရမ်းဂရုစိုက်နေလို့ပါ ညီအစ်ကိုတွေလား"

ငုဝါအမေးကိုဒီပါက....

"မဟုတ်ဘူး သူတို့ကရည်းစားတွေ"
"ဟင် ဟုတ်လား"ထိုအခါစည်သူက

"ဘာလဲ ငါတို့နဲ့မပေါင်းချင်တော့ဘူးလား"
"မဟုတ်ပါဘူးပေါင်းချင်ပါတယ်"

"အဲ့ဒါဆိုရင်တော့ ကျေးဇူးပဲ"

ထိုအချိန်ဒီပါကသူ့ဘေးနားတွင်ငြိမ်နေသောမြူကြောင့်

"ဒီကကလေးလေးကရောဘာအလိုရှိပါသလဲ ငြိမ်နေတာပဲနော်"
"ငါကဘာပြောရမှာလဲ မင်းတို့ပြောတာနဲ့တင်နားငြီးနေပြီ"

မြူ(Complete)Where stories live. Discover now