Ep 13

9.3K 660 12
                                    

Ep 13

ဒီနေ့ကစာမေးပွဲပထမဆုံးနေဖြစ်လို့ကျောင်းသားတွေအမှားမရှိအောင်ပြင်နေကြသည်။ဒီပါနှင့်မြူ တို့ကျောင်းဝန်းထဲဝင်လာသည်နှင့်စည်သူနှင့်ပြည့်ဖြိုးကလက်လှမ်းပြကာရပ်စောင့်နေသည်။စည်သူကအနားရောက်လာသောမြူအား...

"မြူ ပိုင်နေပြီပေါ့"
"ဒါပေါ့ မင်းရော"

"အင်းငါလည်းရနေပါပြီ "
"ဒီပါမင်းရော"
"အင်း ရနေပါပြီ" မြူ တို့လေးယောက် စကားပြောနေချိန်ဇေယျာရောက်လာကာ...

"မြူ စာတွေရနေပြီလား"
"အာ ဟုတ်ရနေပါပြီ ဇေယျာရော"

"ကိုယ်လည်းရပြီဆိုပါတော့ "
"ဟုတ်"

"ဒါနဲ့စာမေးပွဲနောက်ဆုံးနေ့ကျရင်မုန့်သွားစားကြရအောင်ကိုယ်နဲ့"ထိုအချိန်ဒီပါကမြူ့အနားသို့တိုးကပ်လိုက်ကာ...

"Sorryပဲ ငါနဲ့မြူ နဲ့သွားစရာရှိတယ်"
"ဪ.... ဟုတ်လားမြူ " ဒီပါပြောတာကိုဇေယျာကမယုံသလိုလုပ်​လိုက်ကာမြူ့ဘက်အားလှည့်ကာမေးလိုက်သည်။

"အာ ဟုတ်တယ်ဇေယျာရဲ့အဲ့နေ့သွားစရာရှိတယ်"
"ဟုတ်ပါပြီ ဒါဆိုကိုယ်သွားပြီ ကောင်းကောင်းဖြေခဲ့နော်"
"ဟုတ်ကဲ့" ဇေယျာ့ကပြောပြီးသည်နှင့်လက်ပြကာထွက်သွားသည်။ဒီပါကမြူ့ဘက်အားကြည့်ကာ...

"မြူ ဘာလို့သူနဲ့စကားပြောတာလဲ"
"သူကငါ့ရှေ့တည့်တည့်မှာလာပြောတာလေ ငါကမပြောလို့ကောင်းမလားခွန်းရဲ့"

"နောက်တစ်ခါမသိချင်ယောင်ဆောင်နေ"
"မင်းဘာလို့သူ့ကိုအမြင်မကြည်တာလဲခွန်း"

"မင်းကိုလာပြီးပတ်သတ်နေလို့လေ "
"ဒါလေးကိုခွန်းရာ"

"တော်ပြီ မပြောတော့ဘူး"ဒီပါက မြူ အားကျောခိုင်းကာစိတ်ဆိုးသွားသောကြောင့်မြူ တစ်ယောက်သက်ပြင်းချလိုက်မိသည်။တကယ်လေဆို ခွန်းဒီပါရဲ့စိတ်ကိုသူတောင်မခန့်မှန်းတတ်ပေ။

...............................

မြူ တို့စာမေးပွဲဖြေပြီးသည်နှင့်အခန်းပြင်သို့ထွက်လာကြချိန်စည်သူတို့ကမလာသေး၍ခဏ စောင့်နေလိုက်သည်။ခဏအကြာအပြင်သို့ထွက်လာသောစည်သူကမြူကိုတွေ့တာနဲ့...

မြူ(Complete)Where stories live. Discover now