Extra 1

6.1K 248 4
                                    

Extra 1

မြူတို့တွေလက်ထပ်​ပွဲ ပြီးတာနဲ့ နောက်တစ်ရက်မှာပဲဟန်းနီးမွန်းထွက်သွားကြလေသည်။အခုလည်း
ကမ်းခြေကပြန်လာပြီးတည်းကအလုပ်တွေ
နှင့်သာအချိန်ကုန်နေသည်။နေ့လည်ဘက်တွေဆိုလည်းအလုပ်ကတစ်နေရာစီဖြစ်နေ​၍မတွေ့ရ။ညဘက်တွေဆိုလည်းအလုပ်တွေနဲ့ နပန်းလုံးနေရ၍မအားကျနဲ့ဖြစ်နေသည်။ဒီပါကလည်းဆိုင်
ဖွင့်ထားရ၍ဆိုင်ကစာရ​င်းတွေပါလုပ်နေရကာအရင်လိုမြူ့ဘေးနားသို့ယောင်လည်လည်လုပ်လို့မရတော့ပေ။အခုလည်းမြူတစ်ယောက်စင်္ကာပူကဦးထွန်းပို့လိုက်တဲ့အချက်လက်တွေကိုသေချာစစ်ဆေးနေကာ ပရောဂျက်အသစ်တစ်ခုအတွက်လည်းစီမံနေရ၍မအားပေ။

ဒေါက်....ဒေါက်....

မြူတစ်ယောက်အလုပ်လုပ်နေရင်းတံခါးခေါက်သံကြောင့်....

"ဝင်ခဲ့"

တံခါးဖွင့်ကာဝင်လာသူကတော့မြူ့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ခန့်သော်ပင်။ခန့်သော်ကဆိုဖာမှာထိုင်လိုက်ကာ....

"မြူ မင်းထမင်းမစားသေးဘူးလား"

"မင်းဗိုက်ဆာပြီလား"
"ဆာတာတော့ပြောမနေနဲ့ မနက်စာမစားလာဘူး"

"ဘာလဲ မင်းဘဲကြီးကအငတ်ထားလို့လား"
"မဟုတ်ပါဘူးငါမနက်ကစားဖို့မေ့လာတာ ဟီးဟီး"

အရှေ့ကနေသွားအဖြီးသားနှင့်မနက်စာပင်စားဖို့မေ့ခဲ့တဲ့လူသားကိုအတွင်းရေးမှူးခန့်ထားသောကိုယ့်ကိုယ်ကိုပင်ရိုက်သတ်ချင်သွားသည်။

"လာပါကွာ ဆိုင်တစ်ဆိုင်သွားရအောင်"
"အေးပါကွာ ဘယ်ချိန်တည်းကငတ်နေလည်းမသိဘူး"

ပြောပြီးသည်နှင့်မြူလည်းလုပ်လက်စအလုပ်တွေကိုထားခဲ့ကာခန့်သော်နှင့်ဆိုင်တစ်ဆိုင်ကိုထွက်လာခဲ့သည်။

မြူတို့စားသောက်ဆိုင်ကိုရောက်တော့ခန့်သော်ကတစ်ခုပြီးတစ်ခုမှာ၍မြူလည်းထိုင်သာကြည့်နေလိုက်သည်။မြူကတော့ထမင်းနှင့်ဟင်းလေးနှစ်မျိုးလောက်ပဲမှာလိုက်လေသည်။
စာပွဲထိုးလေးထွက်သွားတော့မှမြူလည်းအရှေ့ကခန့်သော်ကိုကြည့်ကာ

"ခန့် မင်းဘယ်ဘဝထဲကငတ်လာတာလဲ"
"ဘာဖြစ်လို့လဲ "

"မင်းမှာတာ လူ၅ယောက်လောက်စားလို့ရတယ်"
"စားရမှာပဲ ပြီးရင်ဒါတွေမင်းပဲရှင်းရမှာမပူနဲ့"

မြူ(Complete)Where stories live. Discover now