Ep 62

6.8K 323 5
                                    

Ep 62

မြူတို့ညနေအတန်းချိန်ပြီးသွား၍ကျောင်းခန်းထဲတွင်ကျောင်းသားတွေမရှိတော့ပေ။ခန့်သော်ကမြူစာအုပ်တွေသိမ်းနေချိန်ခဏနေအုံးဟုဆိုကာရေခဲမုန့်သွားဝယ်သောကြောင့်မြူလည်း အနောက်ကနေအေးအေးဆေးဆေးလာလမ်းလျှောက်လာခဲ့သည်။တစ်နေရာအရောက်....

"ခင်ဗျားလုပ်တာလေ"
"ဒီမှာကိုယ့်ကိုမင်းကလာတိုက်တာမဟုတ်ဘူးလား"

"ခင်ဗျားက မြင်မှမမြင်တာ"
"မင်းကရေခဲမုန့်ကိုငမ်းပြီးလမ်းလျှောက်လာတာလေ ကိုယ့်ကိုလည်းဝင်တိုက်သေးတယ် အပြစ်လည်းပုံချသေးတယ်"

မြူလည်းသေချာကြည့်နေရင်း စကားများနေသောသူမှာခန့်သော်ဖြစ်နေ၍

"ခန့်သော်ဘာဖြစ်နေတာလဲ ပေပွနေတာဘဲ"
"ဒီလူကြောင့်ပေါ့"

ခန့်သော်အပြောကြောင့် မြူလည်းခန့်သော်ကိုကြည့်နေရာကနေရှေ့တည့်တည့်လူကိုမော့ကြည့်ကာ...

"ခင်ဗျား ကျွန်တော့်သူငယ်ချင်းကို.....ဟင်"
"မြူ"

မြူလည်းမော့ကြည့်လိုက်ချိန်ပြောနေသောစကားများပင်ရပ်သွားသည်။

"ကိုဇေယျာ့"
"မြူ မြူ ကဒီရောက်နေတာလား မြန်မာပြည်မှာမဟုတ်ဘူးလား"

တစ်ယောက်ကိုတစ်ယောက်ကြည့်နေကာအံ့သြနေသောကြောင့်ခန့်သော်ကမြူ့အနားသို့ကပ်လိုက်ကာ

"မြူ ဒီဘဲနဲ့မင်းကသိတာလား"
"အဲ့ဒါငါနဲ့ကျောင်းအတူတူတတ်ခဲ့​တာလေ"

"ဪ ဒါပေမယ့်ကျုပ်ကိုတော့ရေခဲမုန့်ပြန်လျော်ပေးရမှာနော်"

"အစားပြန်ပေးပါ့မယ် စွာတေးလေးရယ်"
"ဘာ ခင်ဗျား....."
"တော်ပါပြီ ခန့်ရာငါ​​ပြန်ဝယ်ပေးပါ့မယ်"

ဒီလိုနဲ့မြူတို့သုံးယောက်ဆိုင်တစ်ဆိုင်မှာညစာစားကာအရင်ကအကြောင်းတွေပြန်ပြောဖြစ်ကြသည်။ခန့်သော်ကတော့ သူနဲ့လားလားမှမဆိုင်သလိုပင် မှာထားသောရေခဲမုန့်ကိုသာ တစ်စိမ့်စိမ့်ထိုင်စားနေလေသည်။

ဒီပါတို့လေးယောက် ငုဝါရဲ့ မွေးနေ့ဖြစ်တာကြောင့်ဘုရားရှေ့သို့ရောက်လာကြသည်။ပန်းနုရောင်ဝမ်းဆက်လေးနှင့်ငုဝါကိုလူတိုင်းကငေးမောကြသည်။သန့်ပြန့်နေသောဒီပါတို့သုံးယောက်ကိုလည်းမိန်းကလေးတွေကငေးမောနေကြသည်။ဘုရားအောက်ခြေသို့ရောက်သည်နှင့်ဘုရားပန်းဝယ်ကာအကုန်လုံးဘုရားပေါ်သို့တက်ခဲ့ကြသည်။ပြီးသည်နှင့်ဘုရားရှိခိုးကြကာဆုတောင်းနေကြသည်။

မြူ(Complete)Where stories live. Discover now