Ep 66

8.1K 316 5
                                    

Ep 66

မနက်ခင်းနေရောင်နုနုလေးကအခန်းတွင်းသို့ဝင်ရောက်လာပြီး အိပ်မောကျနေတဲ့ကောင်လေးရဲ့မျက်နှာပေါ်သို့ကျရောက်နေလေသည်။ခဏအကြာကုတင်ထက်တွင်လှုပ်လှုပ်ရွရွနှင့်နိူးလာကာကုတင်ထက်တွင်ကိုယ်တစ်ယောက်တာ်းဖြစ်နေ၍
ချက်ချင်းပင်အခန်းတွင်းသို့မျက်လုံးဝေ့ကြည့်လိုက်သော်လည်း တစ်စုံတစ်ယောက်ကရှိမနေသောကြောင့်ဝမ်းနည်းသွားကာ.....

"ခွေးကောင် စားပြီးနားမလည်လုပ်တယ် အ့
နာလိုက်တာ  ငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီးသူကျတော့ရုံးသွားပြီလားမသိဘူး "

ထိုအချိန်တံခါးဖွင့်ကာဆန်ပြုတ်ပန်းကန်ကိုင်ပြီးဝင်လာသောဒီပါက ကုတင်ပေါ်တွင်ထိုင်ကာမျက်ရည်များကျနေသောမြူ ကိုမြင်သည်နှင့် အမြန်လျှောက်လာပြီးပန်းကန်ကိုဘေးက ခုံပေါ်တွင်တင်လိုက်ကာ မြူ့ဘေးနားသို့ဝင်ထိုင်လိုက်သည်။

"မြူ  မြူ ငိုထားတာလား ဘာလို့လဲ နာလို့လားကိုယ်ဆေးထည့်ပေးထားပါတယ်"
" မင်းငါ့ကိုထားပြီးအလုပ်သွားတယ်ထင်တာ "

အခုမှငိုရတဲ့အကြောင်းရင်းသိရ၍ဒီပါလည်းပြုံးလိုက်ကာ.....

"မဟုတ်တာမြူရယ်ထားခဲ့စရာလား ကိုယ်ခွင့်ယူထားပါတယ် လာမျက်နှာသစ်ပေးမယ်"
"ငါလမ်းမလျှောက်နိူင်ဘူး"

"ဒါများ ကိုကိုချီမှာပေါ့ ကလေးလေးရာ လာ"
"ဟီးဟီး ချစ်လိုက်တာ"

ဒီပါလည်း အခုမှရယ်ပြနေသောမြူကြောင့်နဖူးလေးကိုတစ်ချက်နမ်းကာကုတင်ပေါ်မှချီ၍ရေချိုးခန်းထဲသို့ခေါ်သွားလိုက်သည်။ပြီးသည်နှင့်တစ်ခါတည်းဒီပါကိုယ်တိုင်မျက်နှာသစ်ပေးလိုက်ပြီးရေချိုးပေးဖို့လုပ်တော့....

"ရတယ် ငါ့ဘာသာချိုး ချိုးတော့မယ်"

"ဘာလို့လဲ ညကမင်းလေးရဲ့တစ်ကိုယ်လုံးကိုမြင်ပြီးပြီလေ ရှက်နေတာလား"

မျက်နှာတွေရဲကာပြောနေသောအကောင်ပေါက်လေးက မရှက်ပါဘူးလို့ပြောရင်လိမ်ရာကျမည်။
သို့ပေမယ့်....

"မ မရှက်ပါဘူး "
"ရတယ်လေ အဲ့ဒါဆိုချိုးပေးမယ် လာခဲ့"

ပြောရင်းပင်ဒီပါကရေစပ်ထားတဲ့ရေချိုးကန်ထဲသို့မြူ့အားထည့်လိုက်ကာသူကိုယ်တိုင်ဆပ်ပြာတိုက်ပြီးရေချိုးပေးနေသည်။မြူလည်းအခုမှ
ကိုယ့် ရှူးကိုယ်ပြန်ပတ်​ကာအခက်တွေ့နေသည်။

မြူ(Complete)Where stories live. Discover now