Ep 29
မြူကတော့မနေ့တည်းက အိမ်မလာသောဒီပါ
ကြောင့်စိတ်ဆိုးသွားပြီဆိုတာသိ၍ချော့ချင်ပေမယ့်ဘယ်ကနေဘယ်လိုစချော့ရမှန်းမသိ၍ဒီတိုင်းသာနေနေလိုက်သည်။ထိုအချိန်ဖုန်းလာ၍...."Hello"
"..........""ဟုတ်ကဲ့ မေမေ"
"........""ဟုတ် ဟုတ်ကဲ့ဒါဆိုဒါပဲနော်"
သီတင်းကျွတ်ဖြစ်၍ဘိုးဘွားမိဘတွေကိုပစ္စည်းတွေမုန့်တွေနှင့်ကန်တော့ကြ၍ဒီညဆိုင်နောက်ကျမှပိတ်မည်ဟုပြော၍မြူ့ကိုအသိပေးလာခြင်းဖြစ်သည်။မြူလည်းချက်ချင်းပဲတံခါးတွေပိတ်ကာအပြင်ထွက်သွားလိုက်သည်။
ဒီပါလည်းမနေ့ကမြူအိမ်ကပြန်လာပြီးတည်းကအခန်းထဲမှာပဲနေနေကာမြူ့အိမ်ကိုလည်းမသွားတော့ချေ။ဒီပါ့အမေကဆိုင်မှာနောက်ကျမယ်ပြော၍ဒီပါလည်းဧည့်ခန်းထဲတွင်TVလာကြည့်နေလိုက်သည်။TVကြည့်နေရင်းခြံတံခါးဖွင့်သံကြား၍ဒီပါလည်းသူ့အမေလာပြီဟုထင်လိုက်ကာ TVကိုပဲ ပြန်၍ရုံစိုက်နေလိုက်သည်။ထိုအချိန်ဘေးနားသို့လာထိုင်သောအရိပ်ကြောင့်လှည့်ကြည့်လိုက်တော့....
"မင်း မင်း ဘာလာလုပ်တာလဲ"
"ခွန်း ငါ့ကိုစိတ်ဆိုးနေတာလား"TVကိုသာအာရုံစိုက်နေသော်လည်းလူဝင်လာတယ်ဆိုတာသိ၍သူ့အမေလာတယ်ပဲထင်ကာလှည့်မကြည့်ဘဲနေနေလိုက်ကာမှ အခုတော့ မြူ ဖြစ်နေ၍လန့်သွားရသည်။
"ထွက်သွား ငါမင်းကိုမခေါ်ဘူး"
"ခွန်း မင်းကလည်းကွာစိတ်မဆိုးပါနဲ့""သွား သွားမလာနဲ့"
ဒီပါကပြောလည်းပြောTVတွေလည်းပိတ်ကာအပေါ်ထပ်သို့တက်သွား၍မြူ ကတော့အနောက်မှအမြန်လိုက်သွားရသည်။မြူလည်းအနောက်ကနေ
ဒီပါ့ကိုမှီအောင် လှေကားတွေကိုနှစ်ဆင့်ကျော်ကာတက်လိုက်လေသည်။ထိုအချိန်....."အား......."
ဘုန်း...... အင့်မြူတစ်ယောက်လှေကားတွေကျော်တတ်ရင်းခြေထောက်ချော်ကာအပေါ်လှေကားကနေအောက်သို့ပြုတ်ကျသွားလေသည်။ဒီပါလည်းအသံကြား၍အနောက်သို့လှည့်ကြည့်တော့ကြမ်းပြင်တွင်ခြေထောက်ကိုကိုင်ကာလဲကျနေသောမြူကြောင့်အပေါ်မှအမြန်ဆင်းလာကာ....
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...