Ep 36

7.3K 413 8
                                    

Ep 36

ဒီနေ့ညတော့ဒီ​ပါတို့လေးယောက်သား Hot potတွေအကင်တွေစားဖို့ပြင်ဆင်နေကြသည်။အချိန်ကား၇နာရီပင်ရှိနေပြီဖြစ်၍အစားသောက်တွေပြင်နေကြသည်။ဒီပါကအပေါ်ထပ်မှဖယောင်းတိုင်ထုတ်လေးတွေယူလာကာမီးဖိုချောင်ထဲတွင်အရွက်တွေအသားတွေနှင့်အလုပ်ရှုပ်နေသောသုံးယောက်အားကြည့်ကာ...

"ဟိတ် အရင်ဆုံးဖယောင်းတိုင်သွားထွန်းကြရအောင်"

ဒီပါပြောတော့သုံးယောက်လုံးလုပ်နေသည့်အရာတွေကိုရပ်လိုက်ကာလက်ဆေးပြီးရောက်လာကြသည်။စည်သူကဒီပါ့လက်ထဲကဖယောင်းတိုင်ထုတ်ကိုယူလိုက်ကာ

"ဒီလိုကျတော့လည်းမင်းကလူလိုသိသားပဲ"
"ငါ့ကိုမင်းလို အပ္ပါယ်လားမယ့် ကောင်များထင်နေတာလား"

"မင်းသာ....."
"ကဲတော်ကြပါတော့ကွာ မင်းတို့ကလည်းကိုက်မယ်ဆိုတာကြီးပဲ"

ရန်သတ်နေသောနှစ်ကောင်ကြောင့် မြူလည်းကြားထဲကနေဝင်တားရလေသည်။ဒါတောင်ဒီပါက....

"ကိုက်ရင်တောင်ငါကကြောင် သူကခွေး"
"ဟေ့ကောင် မင်းကမှခွေးဘီလူး"

"မင်းကချီးစားခွေး"
"မင်းကမှအိမ်သာတစ်လုံးလုံးငုံထားတဲ့ခွေး"

"ကဲမီးမထွန်းနဲ့တော့ မြူလာ သွားမယ်"

ပြောမရသောနှစ်ကောင်အားဖယောင်းတိုင်တွေပြန်ပေးကာပြည့်ဖြိုးကမြူ့လက်ကိုဆွဲ၍မီးဖိုချောင်ထဲပြန်ဝင်တော့

"ဟာ ထွန်းမယ် ထွန်းမယ် မသွားနဲ့ ရန်မဖြစ်တော့ဘူး"
"ဟုတ်တယ် မဖြစ်တော့ဘူးနော် လာပါအသဲလေးရဲ့"

အခုမှနွားပွဲစားတွေလိုသွားဖြီးပြကာတောင်းပန်နေသောနှစ်ကောင်ကြောင့်ခေါင်းခါရင်းသာခြံထဲဆင်းလာကြရသည်။​လေးယောက်သားခြံထဲတွင်​ဖယောင်းတိုင်ထွန်းကြ ကာဆုတောင်း၍အထဲသို့ပြန်ဝင်ကာစားပွဲပေါ်တွင်Hot pot အိုးကိုချကာစားဖို့ပြင်ဆင်နေကြသည်။
ဒီပါနှင့်မြူက အရည်အိုးထဲသို့အရွက်တွေအသားအနည်းငယ်ဆီထည့်နေကြသည်။ပြည့်ဖြိုးနှင့်စည်သူကတော့ ဘေးကအကင်တွေကိုကင်နေကြပြန်သည်။

လေးယောက်သားHop potတွေစားအကင်စားကာပွဲစည်နေကြရင်းစည်သူက.....

"ဒီပါ ဝိုင်တွေရော မယူဘူးလား"
"ဪအေးငါမေ့နေတာ ခဏလေးယူအုန်းမယ်"

မြူ(Complete)Where stories live. Discover now