Ep 55
ဘာလိုလိုနဲ့အချိန်တွေကုန်လာလိုက်တာဒီပါတို့အောင်စာရင်းတောင်ထွက်တော့မည်။ဒီပါတစ်ယောက်မနက်စာစားနေရင်းအသံတစ်သံကြားလို့မီးဖိုချောင်မှထွက်ကြည့်လိုက်တော့လှေကားနားတွင်လဲကျနေသောအမေဖြစ်သူကြောင့်လှေကားနားသို့အပြေးသွားလိုက်သည်။
"အမေ အမေ သတိထားအုန်းလေ"
"အမေ ဘာ ဘာဖြစ်တာလဲ အမေ"ဒီပါလည်းအမေဖြစ်သူအားလှေကားနားတွင်
ပွေ့ထားကာဘောင်းဘီအိတ်ကပ်ထဲမှဖုန်းအားထုတ်၍မိသားစုဆရာဝန်အားဖုန်းဆက်ခေါ်လိုက်သည်။ပြီးသည်နှင့်အမေဖြစ်သူအားပွေ့ချီကာအောက်ထပ်ကအခန်းထဲကိုပဲခေါ်သွားလိုက်ရသည်။ခဏအကြာဆရာဝန်ရောက်လာကာအမေဖြစ်သူအားစမ်းသပ်နေသည်။ပြီးသည်နှင့်ဆေးတစ်လုံးထိုးပေးလိုက်သည်။
"ဒေါက်တာ အမေကဘာဖြစ်တာလဲဟင်"
"အင်း ပင်ပန်းလို့ပါအားနည်းသွားတာ ဆရာဆေးထိုးပေးခဲ့တယ် ပြီးတော့"ဒေါက်တာကမျက်နှာမကောင်း၍ဒီပါလည်းစိုးရိမ်သွားကာ
"ဟုတ် ဘာဖြစ်လို့လဲဟင် "
"လူနာက နှလုံးရောဂါရှိနေတယ်"ဒီပါလည်းဒေါက်တာစကားကြောင့်အံ့သြ သွားသည်။
အမေဖြစ်သူက သူ့အားဘာမှပင်မပြောခဲ့ပေ။ဒါမှမဟုတ်သူကိုယ်တိုင်ပင်နှလုံးရောဂါရှိတာမသိနေတာလား။"အဲ့ဒါကြောင့် လူနာကိုစိတ်ချမ်းသာစေချင်တယ်
သူစိတ်ညစ်စေမဲ့စကားတွေမပြောပါနဲ့စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ ရောဂါပိုဆိုးသွားမှာစိုးလို့ပါ""ဟုတ်ကဲ့ ဒေါက်တာအခုရောမေမေကသတိမရသေးဘူးလားဟင် "
"ခဏမှိန်းနေတာပါ ဘာမှမပူပါနဲ့ ဒါကဆေးပါ
လူနာနိူးလာရင်တိုက်လိုက်နော် ဆရာအချိန်တွေရေးပေးထားတယ်"
"ဟုတ်ကဲ့ ဆရာကျွန်တော်ပြန်ပို့ပေးပါ့မယ်""ရပါတယ် လူနာနားမှာနေပါ ဆရာသွားအုန်းနော်"
"ဟုတ်ကဲ့"ဒေါက်တာထွက်သွားပြီးသည်နှင့်ဒီပါလည်းခုတင်ဘေးကခုံပေါ်တွင်ထိုင်လိုက်ကာမိခင်ဖြစ်သူ၏လက်လေးအားဆုတ်ကိုင်၍
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...