Ep 34
ဒီနေ့က သီတင်းကျွတ်လပြည့်နေဖြစ်၍ဒေါ်ခင်သူဇာနှင့်ဒေါ်နဒီတို့နှစ်ယောက်ဆိုင်တွေပိတ်ထားကြသည်။နွယ်နီကတော့မနေ့ကပဲ သူငယ်ချင်းအိမ်မှာသွားနေတော့မည်ဟုပြောလာ၍ပြန်လိုက်ပို့ပေးရသည်။ဒီမှာနေတာအဆင်မပြေလို့လားလို့မေးသော်လည်း သူငယ်ချင်းကိုလွမ်းလို့ဟုဆိုကာပြန်သွားခြင်းဖြစ်သည်။
ဒီပါနှင့်မြူတို့နှစ်ယောက်ကတော့စျေးထဲတွင်ဝယ်စရာရှိတာတွေဝယ်နေကြသည်။လူကြီးတွေအတွက်ဝမ်းဆက်တွေဝယ်ပေးချင်ပေမယ့်အထည်ဆိုင်ဖွင့်ထားသောသူတွေဖြစ်၍အဆင်မပြေလှဟုတွေးလိုက်မိသည်။အသက်ကြီးလာပြီဖြစ်သောအမေနှစ်ယောက်အတွက် အားဆေးတွေကြက်ပေါင်းရည်တွေသာဝယ်ပေးမည်ဟုတွေးလိုက်ကြသည်။နှစ်ယောက်လုံးပစ္စည်းတွေဝယ်ပြီးသည်နှင့်ဆိုင်တစ်ဆိုင်ထိုင်ကာအအေးသောက်နေလိုက်ကြသည်။
"မြူ ထပ်မှာအုန်းမလား"
"အွန်း ငါအာလူးချောင်းကြော်လေးစားချင်တာ"ဒီပါက စားပွဲထိုး တစ််ယောက်ကိုခေါ်လိုက်ကာမြူအတွက်အာလူးချောင်းကြော်မှာပေးလိုက်သည်။အကောင်ပေါက်လေးကအရှေ့ကထောပတ်သီးဖျော်ရည်လည်းအလွတ်မပေးချေ။
ထောပတ်သီးမှာတော့လည်းစက်ဖျော်မလုပ်ဘဲလက်ဖျော်သာစားချင်သည်ဟုဂျီကျသေးသည်။
ဘာလို့လဲဟုမေးတော့ အတုံးလေးတွေစားချင်လို့ဟုဆိုကာပြောလာလေသည်။နေမကောင်းမှ ဂျီကျလာတတ်သောအကောင်ပေါက်လေးအားကြည့်ကာ တဖြည်းဖြည်း ကလေးနှင့်တူလာသည်ဟုတွေးလိုက်မိသည်။မြူက အာလူးချောင်းကြော်ရောက်တော့လည်းတစ်ချောင်းပြီးတစ်ချောင်းယူစားနေကာထောပတ်သီးလည်းအလွတ်မပေးဘဲသောက်နေပြန်သည်။
ဒီပါလည်း မြူကိုကြည့်နေရင်းမြူ့မျက်နှာရှေ့သို့တိုးသွားသောကြောင့်မြူလည်းဒီပါ့ကိုမျက်လုံးလေးပြူးကာကြောင်တောင်တောင်လေးကြည့်နေမိသည်။"မြူ ကလေးလေးလား စားနေတာ ပေကုန်ပြီ"
ဒီပါကထိုင်ခုံမှထကာနှုတ်ခမ်းနားတွင်ပေနေသောထောပတ်သီးရည်လေးတွေကိုတစ်ရှူးဖြင့်သေချာသုတ်ပေးနေသည်။ ပြီးသည်နှင့်ပြန်ထိုင်လိုက်ကာ ကျောက်ရုပ်လိုသူ့ကိုကြည့်နေသောမြူ့အား.....
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...