Ep 38
မြူလည်းအခုတော့ကိုယ့်အိမ်မှာသာကိုယ်ပြန်နေနေပြီး ဒီနေ့လည်းကျောင်းသွားရအုန်းမှာမို့ရေချိုးရန်ပြင်လိုက်လေသည်။ကျူရှင်ကညနေမှဖြစ်၍ဒီနေ့နည်းနည်းတော့နောက်ကျမှထလိုက်သည်။မနေ့ကတည်းကအိမ်ပြန်လာ၍ဒီပါနှင့်မတွေ့ရသေးပေ။သူမနိူးခင်တည်းက အိမ်ပြန်လာသောမြူကြောင့်အခုထိဒီပါနှင့်မတွေ့ရသေးပေ။နှိုးတုန်းကလည်းတစ်ချင်နိူးမလာ၍ဆက်မနှိုးတော့တာပင်။
မြူလည်းရေချိုးပြီး၍ပြန်ထွက်လာကာအဝတ်စားလဲပြီးတာနဲ့ ယူရမယ့် စာအုပ်တွေကိုစစ်နေလေသည်။
ပြီးသည်နှင့်မနက်စာစားရန်အောက်ဆင်းလာခဲ့သည်။ဒီပါကအရင်လိုအိပ်ယာထသိပ်နောက်မကျတော့ပေ။ဒါကလည်းစာမေးပွဲဖြေခါနီးမှပင်ကျန်တဲ့ရက်တွေဆိုကိုယ်ပဲနှိုးနေရခြင်းပင်။သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးသော်လည်းဒီဇင်ဘာမပိတ်ခင်စာမေးပွဲရှိနေသေး၍စာကတော့ပုံမှန်လုပ်နေရတုန်းပင်။မနက်စာစားပြီးသည်နှင့်မြူကစက်ဘီးယူကာခြံပြင်သို့ထွက်လာခဲ့တော့ ဒီပါက ကိုယ့်ထက်အရင်ခြံရှေ့ရောက်နေသည်မို့ထူးဆန်းနေသည်။"မြူ ဘာလို့မနေ့ကငါ့ကိုတောင်မပြောဘဲ ပြန်သွားတာလဲ"
"ဘာလို့လဲ ဒီတိုင်းပြန်လိုက်တာလေ""အင်းငါလည်းညဘက်ကမူးနေတာနဲ့ စောစောမထဖြစ်လိုက်တာ"
ဒီပါ့စကားကြောင့်အဲ့ညကအနမ်းခံလိုက်ရတဲ့ပုံရိပ်ကိုပြန်မြင်လာလေသည်။
မြူလည်းစက်ဘီးကိုခွလိုက်ကာနင်းဖို့ပြင်လိုက်ချိန်ဒီပါကစက်ဘီးလက်ကိုင်ကိုလာကိုင်၍"ဘာလဲ တက်လေကျောင်းမသွားဘူးလား"
"ငါနင်းမယ်လေ မင်းကငါ့နောက်ကနေလိုက်စီး"ဒီပါရဲ့စကားကြောင့်မြူက အံ့သြ သွား၍ဒီပါ့အားသေချာကြည့်နေလေသည်။ဒီပါက သူ့ကိုသေချာကြည့်နေသောမြူကြောင့် စိတ်မရှည်တော့၍....
"ကဲဆင်းပါဆိုနေ"
မြူလည်း စက်ဘီးပေါ်ကဆင်းလိုက်ပြီးအနောက်ကထိုင်ခုံမှာထိုင်လိုက်လေသည်။ထိုအချိန်ထိဒီပါကမနင်းသေး၍မြူတစ်ယောက်စိတ်ပေါက်ပေါက်နှင့်ပင်
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...