Extra 2
မြူ ညနေအိမ်ပြန်ရောက်ချိန်ထိဒီပါကမရောက်သေးပေ။မြူလည်းရေမိုးချိုးကာတစ်ကိုယ်လုံးမွှေးကြိုင်နေအောင်လုပ်ထားလိုက်ပြီးအပေါ်ကရှပ်အင်္ကျီအပွလေးနှင့်အောက်ကဘောင်းဘီပေါင်တိုလေးသာဝတ်ထားလိုက်သည်။ရှပ်အင်္ကျီကပွပြီးကြီးနေ၍ပုခုံးသားညှပ်ရိုးလေးတွေပါမြင်နေရကာ လည်တိုင်ဝင်းဝင်းလေးတွေကလည်း တစ်မျိုးလေးဆွဲဆောင်နေပြန်သည်။
အောက်ကဘောင်းဘီတိုလေးကြောင့်ပေါင်သားဖွေးဖွေးလေးတွေက ပေါ်လွင်နေပြန်ကာ ခြေသလုံးသားကျစ်ကျစ်လေးတွေကလည်း ထိရက်စရာပင်မရှိပေ။ထိုအပြင်ခြေဖမိုးဖွေးဖွေးလေးတွေနှင့်ပန်းနုရောင်သန်းနေတဲ့ခြေချောင်းလေးတွေကလည်းတစ်မျိုးလေးလိုက်ဖက်ကာပနံသင့်နေသည်။
ဒီပါလည်း ကုမ္ပဏီကအလုပ်တွေပြီးသည်
နှင့်ဆိုင်ကိုတောင်မသွားတော့ဘဲပင်ပန်းလို့အိမ်ကိုသာတန်းပြန်ခဲ့သည်။
မကြာသေးခင်ကမှအရင်မန်နေဂျာကပစ္စည်းတွေခိုးထုတ်လို့အလုပ်ထုတ်လိုက်ကာအလုပ်ကြိုးစားသောဒီပါအားမန်နေဂျာနေရာသို့အစားထိုးလိုက်သောကြောင့်အလုပ်တွေကအရင်ကထက်ပိုများလာသည်။ဒီပါလည်းခြံတံခါးဖွင့်ကာဝင်လာတော့မြူ့ကားကရောက်နေပြီဖြစ်၍မြူအိမ်ပြန်ရောက်ပြီဆိုတာသိလိုက်သည်။ဒီပါလည်း ရှပ်အင်္ကျီမှအပေါ်ကြယ်သီးလေးကိုနှစ်လုံးလောက်ဖြုတ်လိုက်ကာအိမ်ထဲဝင်လာပြီးဧည့်ခန်းထဲတွင်ထိုင်ကာအမောဖြေနေလေသည်။ထိုအချိန်လှေကားမှဆင်းလာသောမြူကဆိုဖာတွင်ထိုင်နေသောဒီပါ့ပေါင်ပေါ်သို့ခွကာတက်ထိုင်လိုက်သောကြောင့်ရုတ်တရက်မို့လန့်သွားကာ......
"မြူ ဘေးမှာထိုင်လေ"
"ဘာလို့လဲ ဒီလိုထိုင်တော့ ဘာဖြစ်လို့လဲ"မြူကပြောနေရင်းလက်တစ်ဖက်ကဒီပါ့လည်ပင်းလေးအားဖက်ကာလက်တစ်ဖက်ကNicktieလေးအားဆွဲဖြည်နေသည်။
"ရတယ် မြူကိုယ့်ဘာသာဖြည်မယ်"
"ဟွန့် ဒါလေးဖြည်ပေးတာကို"မြူက နှုတ်ခမ်းလေးဆူကာ စိတ်ကောက်သလိုလုပ်လိုက်ပေမယ့်....
"ကိုယ်ရေသွားချိုးအုန်းမယ် ပြီးရင်ထမင်းစားမယ်နော်"
"ဟင်"
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...