Ep 26

8K 475 9
                                    

Ep 26

မြူနှင့်ဒီပါတို့စာမေးပွဲရှိ၍အတူတူအိပ်ကျကာညကစာကျက်တာအချိန်လွန်သွား၍တော်တော်နှင့်မထသေးပေ။ဒီနေ့မနက်ပိုင်းကျူရှင်မရှိ၍၇နာရီပင်ခွဲထိတောင်မထသေးဘဲ အိပ်နေကြသည်။

ခဏအကြာဒီပါကနိူးလာကာသူ့ရင်ဘက်ပေါ်ခေါင်းတင်ယုံမက လက်တွေနဲ့ပါဖက်ကာအိပ်ပျော်နေသောမြူကြောင့်မထသေးဘဲဒီတိုင်းသာလှဲနေလိုက်သည်။ခုတင်ဘေးကခုံပေါ်တွင်တင်ထားသောနာရီက၇နာရီခွဲကိုညွှန်ပြနေသော်လည်းသူသည်လည်းမထချင်သေးပေ။စာမေးပွဲကမနက်ဖြန်တစ်ရက်ရှိသေး၍ပင်ပန်းအုန်းမည်ဟုတွေးနေသည်။ခဏအကြာ

"မြူ ထတော့"
".........."

"မြူ ထတော့ကွာ ဟေ့ အိပ်ပုပ်မထဘူးလား"
"အာ......ခွန်းရာ၅မိနစ်ထဲပါ"

"အေး၅မိနစ်ထက်ပိုရင်ငါ့အဆိုးမဆိုနဲ့"
"........."

"မြူ ထတော့၅မိနစ်ပြည့်ပြီ"
"..........."

"အေးမထဘူးပေါ့ ရတယ်လေ"

ဒီပါကအခုထိမထသေးသောမြူအားသူ့ကိုယ်ပေါ်ကဖယ်လိုက်တော့မြူဆိုသည်မှာလည်းခုတင်ပေါ်တွင်
ပက်လက်လေးပြန်အိပ်နေလေသည်။ထိုအချိန်ဒီပါလည်းအပြုံးကြီးပြုံးလိုက်ကာမြူ့အပေါ်ကိုအုပ်မိုးလိုက်ပြီး....

"မြူ ထစမ်း"
"........"

မြူ တစ်ယောက်အရမ်းအိပ်ချင်နေသောကြောင့်မထသေးဘဲနေနေလိုက်သည်။ဒီပါက မြူ့မျက်နှာနားသို့သူ့မျက်နှာတိုးသွားကာနားထဲကိုလေနဲ့မှုတ်နေသည်။မြူ တစ်ယောက်ယားလာ၍ရုန်းလိုက်ချိန်လက်ထောက်ထားသောဒီပါတစ်ယောက်မထိန်းနိူင်ဘဲမြူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားကာ နှုတ်ခမ်းနှစ်စုံဟာလည်းထပ်တူကျသွားလေသည်။

ရုတ်တရက် ဖြစ်သွားသောအခြေနေကြောင့်ဒီပါ့အားတွန်းလိုက်ပေမယ့်ဒီပါကမဖယ်ပေးဘဲမြူ့နှုတ်ခမ်းအားနမ်းလိုက်လေသည်။

မြူလည်းရုတ်တရက် နမ်းလာသောဒီပါ့အားတွန်းလိုက်မှဒီပါလည်းသတိဝင်လာကာမြူ့အားသေချာကြည့်နေမိသည်။သို့ပေမယ့်ခုချိန်ထိအပေါ်မှမဖယ်ရသေးပေ။မြူတစ်ယောက်ဘာပြောရမှန်းမသိ၍...

မြူ(Complete)Where stories live. Discover now