Ep 23

7.6K 488 4
                                    

Ep 23

မြူ နှင့်ဒီပါ ဒီနေ့ကျူ ရှင်မရှိ၍ကျောင်းကနေအိမ်ကိုပဲတန်းပြန်လာခဲ့ရာ ဒီပါ ကအိမ်သို့တန်းမပြန်ဘဲ မြူ့အိမ်ထဲကိုဝင်သွားလေသည်။ ဒီပါက ကျောပိုးအိတ်ကိုဧည့်ခန်းထဲတွင်ထားခဲ့ကာ မြူ ကတော့ကျောပိုးအိတ်ကိုအပေါ်သို့တစ်ခါတည်းယူလာခဲ့သည်။အပေါ်ရောက်တော့မြူ ကကျောပိုးအိတ်ကိုချကာရေချိုးဖို့လုပ်နေပြီး ဒီပါကတော့ ခုတင်ပေါ်တွင်သာထိုင်နေလေသည်။

"ခွန်း ငါရေးချိုးအုန်းမယ်"
"အင်း မြန်မြန်လုပ်နော် အအေးပက်မယ်"

"အင်းပါ ဒါနဲ့ မီးဖိုးခန်းမှာဗိုက်ဆာရင်မုန့်တွေရှိတယ် သွားစားနော်"
"မင်းသာမြန်မြန်လုပ်ပါ မြူရာ တော်ကြာဖျားနေအုန်းမယ် ဆေးတိုက်ရင်ဖြင့်ကြောက်နေပြီးတော့"

"အေးပါ မိန်းမကြီးကျနေတာဘဲ"
"မင်း...."

မြူကပြောချင်တာပြောပြီး ဒီပါ့ကိုလျှာထုတ်ပြောင်ပြကာရေချိုးခန်းထဲသို့ဝင်သွားလေသည်။ဒီပါတစ်ယောက် ခုတင်ပေါ်ကထကာ ဝရန်တာဘက်သို့သွားလိုက်ပြီးအဝေးသို့ငေးရင်း ပိတ်ရက်ကျရင်တစ်နေရာရာသွားရန်စဉ်းစားနေသည်။

ခဏအကြာအောက်ဆင်းသွား၍မြူ ပြောသလိုမီးဖိုချောင်ထဲဝင်ကာတစ်ခုခုရှာလိုက်ရာခေါက်ဆွဲထုပ်တွေ့၍ပြုတ်ရန်ပြင်လိုက်လေသည်။ထိုနောက်ရေခဲသေတ္တာဖွင့်လိုက်တော့ဆလပ်ရွက်တွေ့သည်။အောက်ဆုံးအံခွက်လေးထဲတွင်အသားချောင်းတွေတွေ့၍ထုတ်လိုက်ပြီးသည်နှင့်ရေနွေးကျိုလိုက်လေသည်။

၅မိနစ်လောက်အကြာရေနွေးဆူလာ၍ခေါက်ဆွဲထုတ်နှစ်ထုတ်ကိုဖောက်ထည့်လိုက်သည်။၃မိနစ်လောက်ထား၍ခေါက်ဆွဲရလာမှ ချဉ်စပ်အထုတ်လေးတွေကိုဖောက်ထည့်လိုက်ကာအသားချောင်းတွေဆလပ်ရွက်တွေကိုပါထည့်လိုက်သည်။ပြီးသည်နှင့်လုပ်ထား၍ပွနေသောအမှိုက်တွေကိုရှင်းနေလိုက်လေသည်။

ခဏအကြာခေါက်ဆွဲပြုတ်ရပြီဖြစ်၍အိုးထဲကနေပန်းကန်နှစ်ခုထဲသို့ခွဲထည့်လိုက်သည်။ပြီးသည်
နှင့်စားပွဲပေါ်သို့ပန်းကန်တွေကိုချကာရေတစ်ဗူးပါယူထားကာခုံတွင်ဝင်ထိုင်နေလေသည်။

မြူ(Complete)Where stories live. Discover now