Ep 3

13K 955 16
                                    

Ep 3

ဒီပါနဲ့မြူ တို့ကျောင်းသို့စက်ဘီးနဲ့လာရာလမ်းတွင်....

"မြူ မင်းရည်းစားမထားနဲ့နော်"
"ဘာဖြစ်လို့လဲ"

ရုတ်တရက်ဆိုလာသောဒီပါရဲ့စကားကြောင့်မြူတောင် ကြောင်တောင်တောင်လေးဖြစ်သွားရသည်။ထူးထူးဆန်းဆန်းတွေပြောနေတာ ခွန်းဒီပါ မှဟုတ်ရဲ့လားလို့တောင်တွေးမိသွားလေသည်။မြူကအရှေ့ကိုကြည့်ကာနင်းနေရင်းဒီပါ့ဆီကအဖြေအားစောင့်ဆိုင်းနေလေသည်။ခဏအကြာ ဒီပါ့ဆီမှထွက်လာသောစကားတစ်ခွန်း...

"မင်းကငါ့အပိုင်လေ " ဒီပါစကားကြောင့်မြူ တစ်ယောက်ပြုံးမိသွားသည်။သို့သော်သိပ်မပြာလိုက်ထိုအပြုံးတို့ဟာ ဒီပါရဲ့နောက်ဆက်တွဲစကားတွေကြောင့်ပျောက်လုနီးပါပင်ဖြစ်သွားရသည်။

"မင်းကရည်းစားထားရင်ငါကဘယ်သူ့ကိုသွားခိုင်းရမှာလဲ အဲ့တော့မင်းကိုငါပိုင်တယ်မင်းရည်းစားမထားနဲ့"

"အေးပါ ငါရည်းစားမထားပါဘူး"
"အင်း ကောင်းတယ်" မြူ ရဲ့စကားကြောင့်ဒီပါတစ်ယောက်ပြုံးသွားလေသည်။မြူလည်းပြုံးလိုက်ကာစိတ်ထဲတွင်လည်းစကားတစ်ခွန်းအားဆိုလိုက်လေသည်။

'ငါရည်းစားမထားတာငါ့နှလုံးသားကမင်းဆီမှာမို့လို့ပဲခွန်း'

မြူ တို့စက်ဘီးလေးက ခဏအကြာ ကျောင်းဝန်းလေးထဲသို့ဝင်ခဲ့ကြသည်။မြူ ကစက်ဘီးထားတဲ့နေရာမှာစက်ဘီးရပ်လိုက်ကာဒီပါကမြူ အားစောင့်နေလေသည်။ပြီးသည်နှင့်အဆောက်ဦးပေါ်သို့တက်ခဲ့သည်။၉တန်းတွေကအပေါ်မှာဆိုတော့လှေကားကနေတက်ကာအခန်းသို့နှစ်ယောက်သားသွားကြသည်။အခန်းရှေ့သို့အရောက်မတ်တပ်ရပ်နေသောဆုဝေကိုမြင်လိုက်ရပြီး ဆုဝေကဒီပါ့အနားသို့ပြုံးကာလာနေလေသည်။ဒီပါ့အနားသို့ရောက်ချိန်....

"ဒီပါ ငါညကဖုန်းဆက်တာဘာလို့မကိုင်တာလဲ"
"ဪမကိုင်ချင်လို့ပါ" ဒီပါစကားကြောင့်ဆုဝေကမျက်နှာမဲ့သွားကာမြူ ကတော့မျက်မှောင်ကြုတ်မိသွားသည်။

"ဘာလို့လဲ ဒီပါ "
"ငါမင်းနဲ့မတွဲချင်တော့ဘူး" ဒီပါစကားကြောင့်ဆုဝေ ကမျက်နှာပျက်သွားကာ...

မြူ(Complete)Where stories live. Discover now