Ep 71 (Final)
မြူ နိူးလာတော့၃နာရီရှိနေပြီဖြစ်၍အိပ်ယာကထကာရေချိုးလိုက်သည်။ခဏအကြာ ကုတင်ထက်တွင်ကုလားသေကုလားမော အိပ်နေသော
ပြည့်ဖြိုးအား အတင်းနှိုးလိုက်ကာရေချိုးခိုင်းရသည်။
မြူကတော့ပြည့်ဖြိုးယူလာသည့်ဝတ်စုံကိုဝတ်လိုက်ကာ ဘာမှလုပ်မရသောဆံပင်အား
အရှေ့ကိုသာ ခပ်အုပ်အုပ်လေးချထားလိုက်ပြီး
နှစ်ယောက်သားပြင်ဆင်ပြီးသည်
နှင့်hotelသို့လာခဲ့ကြသည်။ပြည့်ဖြိုးက ရောက်တာနဲ့hotel ရှေ့တွင်ကားရပ်လိုက်ကာ"မြူ အထဲကိုဝင်သွားတော့"
"ဟင် မင်းကမလိုက်ဘူးလား"မြူကအဖြူရောင်အနောက်တိုင်းဝတ်စုံလေးနှင့်ရင်ဘက်မှာလည်းပန်းပွင့်လေးထိုးထားကာကော်လံတွင်အဖြူရောင်စိန်ပွင့်လေးနှစ်လုံးက ဘေးတစ်ဖက်တချပ်စီတွင်တောက်ပနေကာ မြူ့ ပုံစံလေးက အနောက်တိုင်းဝတ်စုံလေးနှင့်အလွန်ပင်သန့်ပြန့်ကာချစ်စရာကောင်းနေလေသည်။
"ငါက ကားသွားထားအုံးမယ်လေ ဒီမှာရပ်လို့မှမရတာ"
"ဪဟုတ်သား"မြူလည်းကားတံခါးဖွင့်ကာခန်းမထဲဝင်သွားတော့ခန်းမထဲမှာမှောင်နေကာဘယ်သူမှရှိမနေပါ။ အနောက်ကိုလည့်ကြည့်လိုက်ချိန် ပြည့်ဖြိုးကမရှိတော့၍'မမှားလောက်ပါဘူး'ဆိုတဲ့အတွေးနဲ့သာ ဝင်လာခဲ့သည်။
ခန်းမထဲတွင်မီးရောင်မှိန်ပြပြလေးတွေနှင့်အောက်မှာလည်းအနီရောင်ကတ္တီပါအခင်းပေါ်တွင်နှင်းဆီပွင့်ဖက်လေးတွေ က ပြန့်ကြဲလျတ်ရှိနေသည်။
မြူလည်း တိတ်ဆိတ်နေသောခန်းမအားစိတ်ဝင်စားရင်းတဖြည်းဖြည်းရှေ့သို့ဆက်လျှောက်လာခဲ့သည်။
မြူလည်းလျှောက်လာရင်းတယောသံလေးတွေပါကြားနေရကာရှေ့သို့သွားရင်းနဲ့ရုတ်တရက်မီးတွေလင်းသွားသောကြောင့်လန့်ပြီးမျက်နှာအားလက်နှင့်ကွယ်ထားလိုက်သည်။ခဏအကြာ...."မြူ"
မြူတစ်ယောက်အသံကြားသည်နှင့်လက်ကိုကာထားရာမှဖယ်လိုက်ပြီးအရှေ့ကိုကြည့်လိုက်တော့စင်ပေါ်တွင်အနောက်တိုင်းဝတ်စုံအဖြူလေး
နှင့်မတ်တပ်ရပ်နေသောဒီပါကြောင့်အံ့သြ သွားလေသည်။တစ်ချိန်တည်းမှာပင် လက်ခုတ်သံများနှင့်ဘေးနားကနေလူတွေထွက်လာသောကြောင့်ပို၍ပင်အံ့သြ သွားရသည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...