Ep 70
မြူ အိမ်ပြန်ရောက်တော့ ဘယ်သူမှမရှိ၍ကိုယ့်ဘာသာပဲ တံခါးသော့ဖွင့်ကာဝင်လာခဲ့သည်။စိတ်ထဲမှာလည်းဒူးရင်းသီးတွေသီးနေလေသည်။ အကြောင်းမှာဒီပါတစ်ယောက်ရုံးပိတ်တာတောင် လေယာဥ်ကွင်းသို့လာမကြိုဘဲဖုန်းဆက်တော့လည်းမကိုင်၍စိတ်တိုနေတာပင်။မြူလည်းနေ့လည်ရောက်နေပြီဖြစ်၍ ကိုယ့်ဘာသာဟင်းချက်လိုက်ကာ တစ်ယောက်တည်းစားရတော့သည်။
"ဟွန့် ပြောတော့ဖြင့်မြန်မြန်လာပါတော့ လွမ်းနေပြီ ဘာညာနဲ့ ခွေးကောင် အခုတော့ဖြင့်လာတောင်မကြိုတဲ့အပြင်ဖုန်းဆက်တာတောင်မကိုင်ဘူး"
"တွေ့မယ် ပြန်လာကြည့် အဲ့ခါကျမှ မြူတွေဘာတွေလာလုပ်ကြည့် မျက်နှာကိုဒူးနဲ့တိုက်ပြီး၇ရက်လောက်ထမင်းမစားနိူင်အောင်လုပ်ပြမယ်"
မြူတစ်ယောက်ပြောနေရင်းမီးဖိုခန်းထဲ ပြန်ဝင်သွားကာရေခဲသေတ္တာထဲကအအေးတွေမုန့်တွေယူလာပြီး တစ်ယောက်တည်းထိုင်စားနေသည်။
မြူလည်းမုန့်စားနေရင်းဒီပါ့အားဖုန်းထပ်ဆက်လိုက်ချိန်.....တီ.....တီ......တီ.......တော်တော်ကြာမှဖုန်းကိုင်သောကြောင့်ဒေါသပိုထွက်သွားပြီးအပြတ်ကောဖို့တေးထားလိုက်ကာ....
"ခွန်း ဘာလုပ်နေလို့ဖုန်းမကိုင်တာလဲ"
"ဟယ်လို ဘယ်သူလဲဟင်"ရုတ်တရက်ထွက်လာသောမိန်းကလေးအသံကြောင့်ဒေါသကထောင်းခနဲထွက်သွားရသည်။တစ်နေ့လုံးဖုန်းမကိုင်လို့စိတ်တိုနေကာမှကိုင်လာတော့လည်းထွက်လာသည်ကျ မိန်းမတစ်ယောက်အသံဖြစ်နေလေသည်။
"ခဗျားကရောဘယ်သူလဲ"
"ရှင်ကရောဘယ်သူလဲ ဒီပါက အခုအခန်းထဲမှာရှိနေတယ် ဘာပြောပေးရမလဲ""ဘာ!!! တော်ပြီ မလိုဘူး"
မြူကပြောပြီးတာနဲ့ချက်ချင်းပင်ဖုန်းချလိုက်ကာတစ်ဆက်တည်းဝမ်းနည်းလာတာကြောင့်ငိုမိသွားသည်။ထိုအချိန်အိမ်ရှေ့တွင်အသံကြား၍ကြည့်လိုက်တော့ပြည့်ဖြိုးဖြစ်နေ၍....
"ဟင် ပြည့်ဖြိုး ဘယ်လိုရောက်လာတာလဲ"
"မင်းဆီကိုလေ ဒါနဲ့မင်းကဘာလို့ငိုနေတာလဲ""ဘာမှမဖြစ်ပါဘူး ထိုင်လေ ထမင်းစားပြီးပြီလား"
"စားပြီးပြီ မြူ ငါ့ကိုတစ်ခုလောက်ကူညီပါလား"
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...