Ep 63

6.9K 342 2
                                    

Ep 63

မြူ အိပ်ယာကနိူးလာတော့ည၈နာရီတောင်ရှိနေလေပြီဖြစ်သည်။ပြန်ရောက်တည်းကဘာမှမစားရသေး၍ကုတင်ပေါ်မှထကာရေချိုးခန်းထဲဝင်လိုက်ပြီးမျက်နှာသစ်လိုက်သည်။ပြီးသည်နှင့်ညအိပ်ဝတ်စုံအမဲလေးဝတ်ကာအောက်သို့ဆင်းလာသည်။အောက်ရောက်သည်နှင့်ဧည့်ခန်းထဲတွင်အိပ်ပျော်နေသောဒီပါကြောင့်ဧည့်ခန်းထဲသို့အမြန်သွားလိုက်ကာ....

"ခွန်းဒီပါ ခွေးကောင် အခုထစမ်း"
"ဟင် မြူ နိူးပြီလား"ဒီပါကအခုမှမျက်လုံးတွေပွတ်ကာနိူးလာလေသည်။မြူကဒီပါ့အားမျက်မှောင်ကြုတ်၍ကြည့်နေပြီးခါးထောက်ကာ...

"အေး နိူးပြီ မင်းဒီမှာဘာလုပ်နေတာလဲ သွားတော့"
"မြူ ဘာလို့အဲ့လောက်နှင်ထုတ်နေရတာလဲ "

"မနှင်ထုတ်ဘဲဒီတိုင်းထားရအောင်ဒါမင်းအိမ်မဟုတ်ဘူး မင်းအိမ်မင်းပြန်ပေါ့ သွားတော့"

မြူကပြောရင်းပင်ဒီပါ့ရှေ့မှလှည့်ထွက်ကာမီးဖိုချောင်ထဲသို့ဝင်လာခဲ့သည်။အုံ့စောင်းအောက်တွင်ကြက်သားဟင်းနှင့်ထမင်းဖြူဖြူ  ပုဇွန်ဟင်းတွေရော တခြားဟင်းနှစ်မျိုးလောက်ပါတွေ့လိုက်ရ၍ခုံပေါ်တွင်ထိုင်လိုက်ကာဘေးနားကအဆင့်သင့်ထမင်းခူးပြီးသားပန်းကန်ကိုယူကာစားနေလိုက်သည်။ထိုအချိန်...

"စားကောင်းလားမြူ"
"အဟွတ် အဟွတ်"

မြူက ဒီပါရဲ့အသံကိုကြားသည်နှင့်ထမင်းသီးသွားသောကြောင့်ဒီပါလည်း အမြန်ပင်ရေခွက်ထဲသို့ရေထည့်ကာတိုက်လိုက်ရသည်။

"ဖြေးဖြေးသောက် ထမင်းတောင် နင်အောင်စားရတယ်လို့"
"မင်း မပြန်သေးဘူးလား"
"မပြန်ပါဘူးထမင်းစားမလို့လေ"

"ကိုယ့်အိမ်ကိုယ်ပြန်စားပါလား မင်းမိန်းမချက်ကျွေးလိမ့်မယ်သွားတော့"
"မိန်းမ အာ ငါ့မိန်းမကဟင်းမချက်တတ်လို့အခုတောင်ငါကချက်ကျွေးထားရတာ"

"အဲ့တော့ဘာလုပ်ရမှာလဲ မင်းချက်ထားတာသွားစားပေါ့"
"အေးလေ ငါချက်ထားတာပဲ ငါစားရတော့မှာပေါ့"

ဒီပါကပြောရင်းပင်ခုံပေါ်တွင်ဝင်ထိုင်လိုက်ကာထမင်းစားရန်ပြင်လိုက်လေသည်။မြူက ထမင်းစားရန်ပြင်နေသောသူကြောင့်မျက်မှောင်ကြုတ်​၍ကြည့်လိုက်ပြီး.....

မြူ(Complete)Where stories live. Discover now