Ep 17

9.2K 622 3
                                    

Ep 17

မနက်ခင်းနေရောင်ခြည်ကလိုက်ကာကြားမှထိုးဖောက်ဝင်ရောက်လာသည်။ခုတင်ပေါ်ကလူသားနှစ်ယောက်ကတော့အိပ်လို့ကောင်းတုန်းပင်။ဒီပါ တစ်ယောက်ခဏအကြာနိူးလာ၍ ရင်ဘက်ပေါ်တွင်လေးနေသောကြောင့်မျက်လုံးဖွင့်လိုက်မိ တော့ သူ့ရင်ဘက်ပေါ်တွင်ခေါင်းတင်ကာအိပ်နေသော မြူကိုတွေ့လိုက်ရ၍ပြုံးလိုက်မိသည်။မြူ ရဲ့ဆံပင်လေးကိုကိုင်လိုက်ကာတစ်ခုခုကိုစဉ်းစားနေမိသည်။ခဏအကြာ

"မြူ ထတော့လေ"
"........"

"မြူ ထတော့လေ မြူ မြူ"
"ဟင် .... ခွန်း မင်းနိုးနေပြီလား"

မျက်လုံးမဖွင့်ဘဲ ပြောနေသော မြူ ကြောင့် ဒီပါက ကြည့်၍ရယ်လိုက်ကာ

"မြူ ငါ့ရင်ဘက်လေးနေပြီနော်"
"........."

"မြူ မင်းဒီတသတ် ငါ့ကိုယ်ပေါ်က ထဖို့စဉ်းစားသေးလား"
"ဟင် အာ.... sorry ငါခေါင်းအုံးမှတ်လို့"

ဒီပါပြောမှမျက်လုံးဖွင့်ကာကြည့်နေသောမြူက ကလေးလေးအတိုင်းပင်...။သို့သော် အခုထိမဖယ်သေး။

"အင်း အခုရောထမှာလား"
"ဟင် ထ ထပါမယ်"

"တော်သေးတာပေါ့ မထတော့ဘူးမှတ်နေတာ ငါ့ရင်ဘက်ကိုတော်တော်ကြိုက်နေလား"
" မ မကြိုက်ပါဘူး"

'ငါကမင်းရင်ဘက်ကိုကြိုက်တာမဟုတ်ဘူး
မင်းနှလုံးသားကြိုက်တာ'

မြူ လည်းပြောပြီးသည်နှင့်ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။သူ့အနားနေရင် တကယ်ကိုနှလုံးသားအခုန်မြန်နေတာကထိန်းလို့ရတော့မှာမဟုတ်ပေ။ကျန်ခဲ့သော ဒီပါကတော့ ရေချိုးခန်းထဲသို့အလျင်စလိုဝင်သွားဆသာမြူကိုကြည့်ကာ ခပ်ပြုံးပြုံးဖြင့်ကျန်ခဲ့လေသည်။

..............................

ဒီနေ့နဲ့ဆို မြူလည်း ဒီပါ့ အိမ်မှာနေနေတာ ၃ရက်ပင်ရှိနေပြီ။မနက်ဖြန်ဆိုမြူရဲ့အမေကပြန်လာမည်ပြောထား၍သွားကြိုဖို့တိုင်ပင်ကြလေသည်။

"ဒါဆိုမနက်ဖြန်မနက်စောစောလေးထမယ်"
"ငါနှိူးမယ်လေ"

"ကောင်းတာပေါ့ ငါကအစောကြီးမထတတ်တော့အဆင်မပြေဘူး"
"ဒါနဲ့ငါတို့ကျောင်းဖွင့်ရင် အဆောင်မှာနေမှာလား"

မြူ(Complete)Where stories live. Discover now