Ep 42

7.1K 381 4
                                    

Ep 42

ဒီပါလည်း ဒီနေ့တော့အစောကြီးထကာဘုရားသွားဖို့ပြင်ဆင်နေသည်။ဒီပါလည်းရေချိုးပြီး၍အပေါ်ကအင်္ကျီအဖြူနှင့်အောက်က ယောပုဆိုးအစိမ်းပုပ်ရောင်လေးကိုဝတ်လိုက်သည်။ပြီးသည်နှင့်အောက်ဆင်းသွားကာမီးဖိုချောင်ထဲတွင်ရှိနေသောအမေဖြစ်သူအားနှုက်ဆက်လိုက်ပြီး...

"မေမေသား မြူ ကိုသွားခေါ်လိုက်အုန်းမယ်"
"ဟုတ်ပါပြီကွယ်"

ဒီပါလည်းအပြုံးတစ်ခွဲသားနှင့်ဟိုဘက်ခြံသို့ကူးသွားလိုက်သည်။အထဲရောက်သည်နှင့်မီးဖိုချောင်ထဲတွင်မနက်စာစားနေသောမြူ့အမေကိုနှုက်ဆက်လိုက်ကာဘုရသွားဖို့အဖော်ဆွယ်နေလေသည်။

"အန်တီ သားတို့နဲ့လိုက်ခဲ့ပါဆို"
"မလိုက်တော့ပါဘူး သားရယ် သားမြူကိုသာခေါ်သွားပါတော့အန်တီကချိန်းထားတာရှိလို့"

"ဟုတ်ကဲ့ ဒါနဲ့မြူ ထပြီလား"
"မထသေးဘူး သားရေ သားဘာသာနှိုးပြီးသာခေါ်သွားတော့အန်တီတော့သွားပြီ"

"ဟုတ်ကဲ့"

ဒီပါလည်း မြူ့အမေကိုနှုက်ဆက်ကာအပေါ်သို့တက်လာခဲ့သည်။တံခါးဖွင့်လိုက်ချိန်
ခုတင်ပေါ်တွင်လူမတွေ့၍ရေချိုးခန်းဘက်သို့လျှောက်ကြည့်လိုက်တော့ရေသံကြားရသည်မို့ရေချိုးနေတယ်ဆိုတာသိလိုက်၍ခုတင်ပေါ်တွင်လှဲနေလိုက်သည်။လှဲနေရင်းသတိရလို့ခုတင်မှအမြန်ထကာအဝတ်ဗီရိုကိုဖွင့်လိုက်သည်။
အထဲမှဆင်တူဝယ်ထားသောပုဆိုးလေးနှင့်အင်္ကျီအဖြူကိုပါထုတ်လိုက်ကာခုတင်ပေါ်တွင်ပြန်လှဲနေလိုက်သည်။

မြူတစ်ယောက်မနက်ပိုင်းကျူရှင်မရှိ၍ ဒီနေ့တော့ အကြာကြီး အိပ်မယ်ဟုတေးထားလေသည်။အချိန်ကား၇နာရီပင်ရှိသေး၍စောသေးတယ်ဟုတွေးကာ အစတည်းက မဖွင့်ချင်သောမျက်လုံးအားပြန်မှိတ်လိုက်လေသည်။
ခဏအကြာနာရီကြည့်လိုက်တော့၈နာရီရှိပြီဖြစ်၍ခုတင်ပေါ်ကဆင်းကာရေချိုးဖို့အတွက်ရေချိုးခန်းထဲသို့ဝင်​သွားလေသည်။သွားတိုက်နေရင်းအရှေ့ကမှန်ထဲတွင်မြင်နေရသောချစ်စရာကောင်းနေသောမျက်နှာနှင့်ဖြူနေသောအသားရည်ကြောင့်စိတ်ပျက်မိသည်။မြူလိုချင်သည်ကခန့်ခန့်ညားညားပုံစံဖြစ်၍ပင်။

မြူ(Complete)Where stories live. Discover now