Ep 45

7.6K 372 7
                                    

Ep 45

အရှေ့တွင်ဆရာမကစာသင်နေသော်လည်းဒီပါကစာမကြည့်ဘဲမြူ့ကိုသာထိုင်ကြည့်နေပြီးမြူကတော့စာလိုက်မှတ်နေသည်။ဒီပါကမြူစာမှတ်နေတာကိုကြည့်နေရင်းမြူ့အနားသို့တဖြည်းဖြည်းတိုးသွားကာပေါင်ပေါ်တင်ထားသောလက်လေးအားဆုတ်ကိုင်လိုက်သည်။

မြူတစ်ယောက်ဘေးနားတွင်စာမကြည့်ဘဲသူ့ကိုသာထိုင်ကြည့်နေသောပုံရိပ်အားမျက်လုံးထောင့်မှမြင်နေရသည်။ထိုအချိန်တဖြည်းဖြည်းအနားသို့တိုးလာကာလက်ကိုလာကိုင်သောကြောင့်လန့်သွားကာ
လက်ကိုရုန်းလိုက်သော်လည်းမဖယ်ပေးသောကြောင့်...

"ခွန်း ငါစာမှတ်ရတာအဆင်မပြေဘူး လွှတ်"
"မြူ ငါ့ကိုချစ်လား "

ပြောတာတခြားမေးလာတာကတခြားဖြစ်နေသောကြောင့်....

"ငါ့လက်ကိုအရင်လွှတ်"
"အိုကေလေ "

ပြောပြီးသည်နှင့်ဒီ​ပါကလက်ကိုလွှတ်ပေးလိုက်ကာခါးကိုမသိမသာလေးဖက်လာလေသည်။မြူလည်းဒီပါ့လုပ်ရပ်ကြောင့်ပို၍ပင်အခက်တွေ့သွားကာ.....

"ခွန်း လက်ကိုဖယ်စမ်း"
"ဘာလို့လဲ ချစ်တယ်ပြောရင်လွှတ်ပေးမယ်"

"မ​ပြောဘူးလား ငါဒီမှာတင်နမ်းလိုက်ရမလား"
"မင်း... "

"အဲ့ဒါဆိုရင်ပြောလေ ချစ်တယ်လို့"
"ကျစ်.....ချစ်တယ်ကွာချစ်တယ် လွှတ်တော့"

ချစ်တယ်ပြောမှဖက်ထားသောလက်အားလွှတ်ပေးကာပြုံးဖြီးနေသည်။ခဏအကြာဆရာမကအတန်းချိန်ပြီးသွား၍ပြန်ထွက်သွားသည်။
ကျောင်းခေါင်းလောင်းထိုး၍ထမင်းစားဖို့ကျောင်းသားတွေပြင်ဆင်နေကြချိန်ငုဝါလည်းအတန်းထဲသို့လာကာထမင်းလာစားသည်။

"မြူ နဲ့ဒီပါ မနေ့ကနင်တို့နှစ်ယောက်ပြန်သွားတာငါ့ကိုတောင်မစောင့်ဘူး"

အခုဆိုရင်မြူတို့သူငယ်ချင်းလေးယောက်နဲ့ငုဝါနဲ့ကတော်တော်လေးရင်းနှီးနေပြီဖြစ်၍ပွင့်ပွင့်လင်းလင်းပြောကြသည်။

"ဟုတ်တယ် ငါမြူနဲ့ပြန်သွားတာ နင်ကကောဘယ်သူနဲ့လာတာလဲ"
"ဘယ်သူနဲ့ရမှာ သီရိနဲ့ပေါ့" အခုဆိုရင်ငုဝါတွင်ဖြိုးသီရိဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိနေပြီဖြစ်သည်။

မြူ(Complete)Where stories live. Discover now