Ep 15

9.4K 581 5
                                    

Ep 15

ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့မို့လို့ ကျောင်းသားတွေပျော်နေကြသည်။ဖြေပြီးတာနဲ့ဟိုသွားမယ်ဒီသွားမယ်ဆိုကာပြောနေကြသည်။စည်သူနှင့်ပြည့်ဖြိုးကအအေးသောက်ကာစာထိုင်ကြည့်နေသည်။စည်သူကအအေးသောက်နေရင်း...

"ပြည့်ဖြိုးလေး စာမေးပွဲဖြေပြီးရင်ဘယ်သွားကြမလဲ"
"မင်းကတကယ်လိုက်ပို့မှာလား" ပြည့်ဖြိုးမေးတော့စည်သူကပြည့်ဖြိုးဆံပင်လေးတွေကိုသပ်ချပေးကာ

"ဘယ်လိုပြောလိုက်တာလဲ တကယ်လိုက်ပို့ပေးမှာပေါ့ ပိုက်ဆံတောင်ယူလာသေးတယ် ပြည့်ဖြိုးလေးပြောသမျှအကုန်ဖြစ်စေရမယ်"

"ဟို ငါလေမင်းဆီကဒီလိုတွေရနေလို့တွဲနေတာမဟုတ်ဘူးနော် ငါမင်းကိုတကယ်ချစ်တာနော်"

ပြောရင်းပင်မျက်ရည်ဝဲလာသောကောင်လေးကြောင့်

"ဟာ ပြည့်ဖြိုးလေးရာ ဘာတွေတွေးနေတာလဲ တိတ်တိတ် ကိုယ်ကမင်းကိုချစ်လို့လေ ကိုယ်ကမင်းကိုချစ်တော့ကိုယ်ကြိုက်တာတွေပေးလို့မင်းလေးလက်ခံရင်ကိုယ်ကပိုတောင်ပျော်သေးတယ် တိတ်တော့နော် မငိုနဲ့တော့"

"အဟင့်... ငါကမင်းငါ့ကိုတမျိုးထင်နေမှာစိုးလို့"

"မထင်ပါဘူးကွာ တိတ်တော့ ရော့အအေးထပ်သောက်"စည်သူကပြည့်ဖြိုးကိုချော့နေချိန်ဒီပါရောက်လာကာ

"စည်သူ မင်း ပြည့်ဖြိုးကိုဘာလုပ်လိုက်တာလဲ မင်းသူ့ကိုလမ်းခွဲမယ်လို့ပြောလိုက်တာလား"
"ဟာ.... ဒီပါရာ ဘာတွေပြောနေတာလဲ ပြည့်ဖြိုးလေးကိုငါ့ဘာလို့လမ်းခွဲရမှာလဲ ဖွ ဖွ လွှဲပါစေ"

"ဒါနဲ့ မြူ ရော"
"မသိဘူး " ဒီပါ့စကားကြောင့်စည်သူကမျက်မှောင်ကြုတ်လိုက်ကာ...

"မင်းနဲ့အတူတူမလာဘူးလား"
"ဒီနေ့စက်ဘီးမယူလာဘူး ညကလည်းအတူတူမရှိကြဘူး"

"ဟုတ်လား "
"အွန်း....ဒါမဲ့ငါသူ့နောက်ကနေလိုက်လာတာ
သူမုန့်သွားဝယ်တာထင်တယ်" ထိုအချိန်မြူ ကအအေးဗူးတွေကိုင်လာကာ...

"စည်သူနဲ့ပြည့်ဖြိုး ရော့ အအေး"
"ကျေးဇူးငါတို့ကအခုတောင်သောက်နေတာမင်းဟာကို ဖြေပြီးမှဘဲသောက်တော့မယ်"စည်သူပြောတော့မြူ ကခေါင်းညိမ့်လိုက်ကာဒီပါ့ဘက်ကို
လှည့်၍

မြူ(Complete)Where stories live. Discover now