Ep 4
ဒီနေ့မြူ တို့ကျောင်းပိတ်ရက်ဖြစ်၍မြူလည်းတော်တော်နှင့်အိမ်ယာမထသေးပေ။မြူ ရဲ့အမေကတော့ကျောင်းပိတ်ရက်ဆိုတော်တော်နှင့်မထမှန်းသိ၍မနှိုးတော့ဘဲ ဆိုင်သွားပြီဖြစ်သည်။မြူ တစ်ယောက်ကုတင်ပေါ်တွင်စောင်တွေနှင့်လုံးထွေးကာအိပ်နေချိန်...
ဒူ..ဒူ...ဒူ...
ကျယ်လောင်စွာထမြည်လာသောဖုန်းသံတစ်ခု။
မြူ ကတော့အသံကြားတစ်ချက်မကြားတစ်ချက်နဲ့မို့လို့ထမကိုင်ပါ။ဒူ...ဒူ..ဒူ...
အဆက်မပြတ်လာနေသောဖုန်းသံကြောင့်မြူ တစ်ယောက်အိပ်ချင်မူးတူးနှင့်ပင်ခုတင်ပေါ်မှထ ထိုင်လိုက်ကာဖုန်းလိုက်ရှာနေလေသည်။ဖုန်းကစောင်အောက်ကိုရောက်နေ၍စောင်ကိုဖယ်ကာယူလိုက်ပြီး
ဖုန်းကိုင်လိုက်ကာ...."Hello ဘယ်သူလဲ" မြူ က ဖုန်းကိုသေချာမကြည့်ဘဲအိပ်ချင်မူးတူးအသံဖြင့်ပြောလိုက်လေသည်။ထိုအခါတဖက်တွင်....
"မြူ အိပ်ယာကနေ မင်းမထသေးဘူး"
"ဟင် ဘယ်သူလဲ"မြူကဖုန်းကိုမကြည့်ဘဲပြောနေသောကြောင့်ဒီပါတစ်ယောက်စိတ်တိုသွားကာ...
"မင်းလင် မင်းလင် ခွန်းဒီပါပြောနေတာ"
"ဟင် ခွန်း ဘာဖြစ်လို့လဲ"မြူ တစ်ယောက်အခုမှဒီပါဆို သောအသံကြောင့်မျက်လုံးများပွင့်လာလေသည်။
"ငါ့ကိုရုပ်ရှင်လက်မှတ်နှစ်ဆောင်ဖြတ်ပေးစမ်းပါ ရုပ်ရှင်သွားကြည့်မလို့ နေ့လည်ဟာနော်ငါပြင်ဆင်လိုက်အုန်းမယ်မင်းလည်းမနက်စာစားထားအုန်း"
"ဟင် အင် အင်း"
ဒီပါကပြောပြီးသည်နှင့်ဖုန်းချသွားလေသည်။မြူ ကတော့ရုပ်ရှင်လက်မှတ်ဖြတ်ဖို့အတွက်ခုတင်ပေါ်မှထကာရေချိုးပြီး ပြင်ဆင်နေရပြီဖြစ်သည်။
ပြင်ဆင်ပြီးချိန်တွင် walletနှင့်ဖုန်းကိုယူကာ ခြံပြင်သို့ထွက်သွားပြီးသည်နှင့်Taxiငှါးလိုက်ကာရုပ်ရှင်ရုံသို့သွားလိုက် လေသည်။ရုပ်ရှင်ရုံတွင်လက်မှတ်လာဝယ်သူများနေ၍ခဏစောင့်ရသေးသည်။မြူ ကစောင့်ရတာကိုမကြိုက်ပါ။ခွန်းဒီပါဆိုတဲ့လူသားအတွက်ကလွဲရင်ပေါ့။
ခဏအကြာလူရှင်းတာနဲ့လက်မှတ်ဝယ်ဖို့ပြင်လိုက်ကာကိုယ်နဲ့သူကအတွဲမဟုတ်တော့ရိုးရိုးခုံကိုသာဝယ်လိုက်သည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...