Ep 58

6.5K 333 12
                                    

Ep 58

မြူကဒီပါ့အိမ်မှပြန်လာပြီးတည်းကအခန်းတံခါးအားလော့ချထားကာကုတင်ပေါ်တွင်ငိုနေမိသည်။

"ငိုလိုက်မြူ မင်းငိုလိုက်နောက်ဆိုဘယ်သူ့အတွက်ကြောင့်မှမင်းငိုနေဖို့မလိုတော့ဘူး"

မြူလည်းကိုယ့်ဘာသာပြောရင်းငိုနေမိသည်မှာ အချိန််လောက်ကြာသွားမှန်းပင်မသိ။
ခဏအကြာ မြူလည်းငိုထား၍ပင်ပန်းလွန်းလို့ကုတင်ပေါ်တွင်အိပ်ပျော်သွားသည်။

ဒီပါတစ်ယောက်နေရာမှာတင်အရုပ်ကြိုးပျက်ထိုင်နေမိတာ ဘယ်လောက်ကြာမှန်းတောင်မသိတော့ပေ။ပြီးသည်နှင့်အထဲသို့ ပြန်ဝင်လာပြီးချက်ချင်းပင်အိမ်ပေါ်သို့တက်သွားသောဒီပါကြောင့်အမေဖြစ်သူက.....

"သားဒီပါဘယ်သွားမလို့လဲ"
" ဒီနေ့တော့လွတ်လပ်ခွင့်ပေးပါတစ်ယောက်တည်းနေပါရစေ"

ပြောပြီးသည်နှင့်ဒီပါက ဘယ်သူ့ကိုမှမနှုက်ဆက်ဘဲအပေါ်သို့တက်သွားတော့သည်။ဒေါ်နဒီနှင့်ဒေါ်ခင်သူဇာလည်းရပ်ကွက်လူကြီးတွေကိုတောင်းပန်၍လူကြီးတွေလည်းပြန်သွားကြသည်။ငုဝါရဲ့အမေသည်လည်း....

"နဒီရယ် သားလေးကိုသွားကြည့်ပါအုန်း ဇင်မာတို့နောက်နေ့မှထပ်စီစဥ်ကြတာပေါ့ သွားမယ်နော်"

"ဟုတ်ပါပြီဇင်မာရယ်"

ငုဝါတို့လည်းပြန်သွားကြ ကာဒေါ်နဒီနှင့်ဒေါ်ခင်သူဇာလည်းဘာတွေဖြစ်မှန်းပင်မသိတော့ဘဲခေါင်းသာခါနေရတော့သည်။

မြူတစ်ယောက်အိပ်ယာမှနိူးလာတော့နေ့လယ်တောင်ရောက်နေလေပြီ။ချက်ချင်းပင်အဘွားဖြစ်သူဆီကဖုန်းလာသောကြောင့်ကိုင်လိုက်သည်။

"သားလေး ထမင်းစားပြီးပြီလား"
"ဟုတ်ပြီးပြီဘွားဘွား"

"မနက်ဖြန်အောင်စာရင်းထွက်ပြီနော်ဘာလိုချင်လဲ"
"ဘွားဘွားပေးတဲ့ဟာအကုန်ယူမှာသားက"

"ဟားဟားဟုတ်ပါပြီမြေးလေးရယ် ဘွားမြေးကိုပြောစရာရှိတယ်"
"ဟုတ်ဘွားဘွားပြောလေ သားလည်းဘွားကိုပြောစရာရှိတယ်"

".........."
"ဟုတ်ကဲ့ ဘွားဘွား"

"..........."
"ဟုတ် သားလည်းအဲ့ဒါပြောမလို့ဘွားဘွား"

မြူ(Complete)Where stories live. Discover now