Ep 59
မြူလည်းမနက်အစောကြီးထကာ
လေယာဥ်ကွင်းသွားဖို့ပြင်ဆင်လိုက်သည်။မျိုးရိုးအဆက်ဆက်ချမ်းသာလာကာအလုပ်သမားတွေအပေါ်မှာလည်း သြဇာအာဏာရှိသောအဘွားဖြစ်သူကြောင့်ဘာမှထွေထွေးထူးထူးစီစဥ်စရာပင်မလိုပေ။မြူတစ်ယောက်မနက်၆နာရီလောက်ထဲကအစောကြီးထကာအိမ်ကနေ၇နာရီလောက်ထဲကထွက်သွားလိုက်သည်။
အရင်ကလည်းသွားလည်နေသောကြောင့်ဘာမှထွေထွေထူးထူးပြင်စရာမရှိအကုန်လုံးအဆင်သင့်ပေ။မြူလည်းအချိန်မကျသေး၍ခုံပေါ်မှာထိုင်နေချိန်..."ဒီကသခင်လေးမြူလားမသိဘူး"
"ဟုတ်ပါတယ် ဘွားဘွားလွှတ်လိုက်တာလား""ဟုတ်ကဲ့Flightက၉နာရီမှပါသခင်လေး"
"ဟုတ်ကဲ့ ဒါနဲ့ဦးလေးက""ကျွန်တော်ကသခင်မကြီးရဲ့လူယုံ ဦးထွန်းတောက်ပါ"
"ဟုတ်ကဲ့"မြူနှင့်ဦးထွန်းတောက်လည်းစင်္ကာပူကအကြောင်းတွေ သခင်မကြီးရဲ့ကျန်းမာရေးအကြောင်းတွေမေးရင်းအချိန်ကုန်သွားကာ....
ထိုအချိန်လေယာဥ်ထွက်ဖို့ကြေညာသောကြောင့်....
"သခင်လေး သွားလို့ရပါပြီ"
"ဟုတ်ကဲ့"ဦးထွန်းတောက်လည်းမြူရဲ့ Luggage ကိုတွန်းကာအရှေ့မှဦးဆောင်သွားလိုက်သည်။ထိုအချိန်အရှေ့သို့သွားနေရာကနေမြူတစ်ယောက်အနောက်သို့လှည့်ကြည့်မိလိုက်ကာ.......
"အင်း မျှော်လင့်မိပြန်ပြီမြူ
သူကလာမှာမို့လို့လား"မြူလည်းအရှေ့ကိုသာကြည့်ကာတဖြည်းဖြည်းလေယာဥ်ရှိရာဆီသို့ခြေလှမ်းတို့ဦးတည်လိုက်သည်။စင်္ကာပူနိူင်ငံChangiလေဆိပ်သို့ပြေးမည့်လေယာဥ်ပေါ်တွင်ထိုင်လိုက်သည်နှင့်မျက်လုံးများမှိတ်ထားလိုက်သည်။
ဒီပါတစ်ယောက်အောင်စာရင်းကြည့်ပြီးသည်နှင့်မြူ့အိမ်သို့အမောတကောပြေးလာလေသည်။ဒေါ်ခင်သူဇာလည်းဒီနေ့ဆိုင်နားမလို့ဆိုကာအိမ်မှာသာရှိနေသည်။မြူ့အားလေယာဥ်ကွင်းလိုက်ပို့မယ် ပြောသော်လည်းရပါတယ်ဟုငြင်းနေ
သဖြင့်Taxiသာငှားပေးလိုက်သည်။မြူ့အမေကဧည့်ခန်းထဲတွင်တံမြတ်စည်းလှဲနေချိန်....
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...