Extra final
ဒီနေ့တော့ ရုံးမှအပြန်ဆိုင်ကိုသွားပြီးမှပြန်လာတာဖြစ်၍ခါတိုင်းထက်နည်းနည်းနောက်ကျနေပြီဖြစ်သည်။အချိန်ကိုကြည့်လိုက်တော့၈နာရီတောင်ထိုးနေပြီဖြစ်သည်။ဒီပါလည်းကားနောက်ခန်းမှဘူးလေးအားယူလိုက်ကာမီးဖိုချောင်ထဲသို့သွားလိုက်သည်။ပြီးသည်နှင့်အပေါ်သို့တက်လာကာတံခါးဖွင့်လိုက်တော့ကုတင်ပေါ်တွင်ဖုန်းသုံးနေသောလူသားလေးအားတွေ့လိုက်ရသည်။
"မြူ ကလေးလေး ထမင်းစားမယ်လေ"
"မဆာဘူး ကိုယ့်ဘာသာစား"ဒီပါလည်းမြူစိတ်ဆိုးနေပြီဆိုတာသိနေ၍"အာ ကလေးနဲ့အတူစားချင်တာကို"
"မစားဘူး မင်းဘာသာစားချင်တဲ့ဟာမနဲ့သွားစား""ဟာ ဘယ်သူနဲ့စားရမှာလဲမြူကလဲ"
"မနက်ကဖုန်းကိုင်တဲ့တစ်ယောက်နဲ့လေ"ဒီပါလည်း စိတ်ဆိုးနေပြီဆိုတာသိ၍မြူ့ဘေးတွင်သွားထိုင်ကာမြူ့ကိုယ်လေးကိုရင်ခွင်ထဲထည့်ထားလိုက်ပြီး
"မြူကသဝန်တိုနေတာလား"
"ဝေးသေး" မြူ့အပြောကြောင့်ဒီပါရဲ့မျက်ခုံးများပင့်တတ်သွားရသည်။'မြူတို့များ သိသာနေတာကိုမလိမ်တတ်ဘဲလိမ်နေတယ်'
"ဟုတ်လား ဒါဆိုလည်းထားလိုက်ပါတော့ ကိုယ်ထင်တာမြူက ကိုယ့်ဆီကဖြေရှင်းချက်လိုချင်တယ်ထင်နေတာ အခုတော့မသိချင်တော့ဘူးထင်တယ်"
ဒီပါ့စကားကြောင့်မြူ လည်းလှုပ်လှုပ်ရွရွလေးတော့ဖြစ်သွားမိသည်။ဘယ်လိုပဲ စိတ်ဆိုးဆိုး
ဘာမှမပတ်သတ်ဘူးဆိုတဲ့ဖြေရှင်းချက်ကတော့ မြူ လိုချင်နေတဲ့ အမှန်တရားတစ်ခုပင်။သို့ပေမယ့် အရှုံးမပေးချင်သောစိတ်လေးကြောင့်"အဟမ်း..... မင်းဖြေရှင်းချင်ရင်ဖြေရှင်းလေ နားထောင်ကြည့်တာပေါ့"
'အမယ် မြူတို့အထာကိုင်ပြီ'
ဒီပါလည်း သဝန်တိုတာကိုဝန်မခံချင်သောသူလေးကြောင့်ဆက်စရင် မလွယ်ဘူးဆိုတာသိနေ၍....
"သူကကိုယ့်Bossရဲ့ကောင်မလေးပါ"
"ဒါဆိုဘာလို့မင်းဖုန်းကိုသူကလာကိုင်တာလဲ"ချက်ချင်းပဲ ဟန်ပင်မဆောင်နိူင် မေးခွန်းပြန်ထုတ်လာပုံက သိချင်နေတာအသိသာကြီးပင်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...