Ep 7

11K 760 1
                                    

Ep 7

စည်သူတစ်ယောက်ဒီနေ့အသင်းနေ့ဖြစ်လို့အစောကြီးရောက်လာလေသည်။ခဏအကြာပြည့်ဖြိုးလည်းရောက်လာကာပြည့်ဖြိုးကခုံပေါ်ကိုလွယ်အိတ်တင်လိုက်ပြီး....

"စည်သူခုံတွေအရင်တင်ရအောင်"
"အွန်း ဟိုလေ ငါမင်းကိုပြောစရာရှိတယ်ဆိုတာလေ" စည်သူပြောတော့ပြည့်ဖြိုးကစည်သူ့အနားသို့လာကာ

"ဪ အေးပြောလေ"
"ငါမင်းကိုချစ်တယ် "
"ဟင်" ကွေ့ဝိုက်မနေဘဲ တည့်တိုးပြောလိုက်သောစည်သူကြောင့်ပြည့်ဖြိုးအံ့သြ သွားကာ...

"မင်းဘာတွေလာပြောနေတာလဲ"
"ငါတကယ်ပြောတာပါ ငါမင်းကိုချစ်တယ်" စည်သူကပြည့်ဖြိုးပခုံးကိုကိုင်ကာပြောတော့ပြည့်ဖြိုးတစ်ယောက်စည်သူ့လက်တွေကိုဖယ်ချလိုက်ကာ...

"ဖယ်စမ်း ငါကယောက်ျားလေးကွ မင်းစိတ်ထဲမှာငါ့ကိုဘယ်လိုထင်နေတာလဲ"
"ငါဘာမှမထင်ပါဘူးငါကမင်းဖြစ်နေလို့ကိုချစ်တာပါ" စည်သူ့စကား ကြောင့်ပြည့်ဖြိုးက မော့ကြည့်လိုက်ကာ...

"ငါကယောင်္ကျားအချင်းချင်းကြိုက်ရအောင်အခြောက်မဟုတ်ဘူး"

ပြည့်ဖြိုးစကားကြောင့်စည်သူတစ်ယောက်စိတ်တိုသွားလေသည်။သူသည်လည်းအခြောက်မှမဟုတ်တာ သူချစ်မိသည့်သူက ပြည့်ဖြိုး ဆိုတဲ့ ယောင်္ကျားလေးဖြသ်နေတာကလွဲရင် အကုန်လုံးက သူ့ပုံမှန်အတိုင်းပဲလေ။

"ပြည့်ဖြိုး ယောင်္ကျားလေးချင်းကြိုက်တာနဲ့အခြောက်ဖြစ်စရာလား"

"ဟုတ်တယ် ငါကမင်းလိုအခြောက်မဟုတ်ဘူး"
"မင်းကိုငါချစ်လို့သည်းခံလိုက်မယ်ပြည့်ဖြိုး ဒါပေမဲ့ငါမင်းကိုချစ်လို့အခြောက်ဖြစ်ရမယ်ဆိုရင်တောင်ငါလက်ခံတယ်ငါကအခြောက်ဘဲ"

ပြောပြီးသည်နှင့်စည်သူတစ်ယောက်အခန်းထဲမှလွယ်အိတ်ယူကာထွက်သွားတော့သည်။ပြည့်ဖြိုးကတော့အဲ့နားမှာတင်မင်သေသေဖြင့်သာမတ်တပ်ရပ်နေမိသည်။ဘာတွေမှားနေလဲသူမသိဘူး။သို့ပေမယ့်သူဟာအေးဆေးနေတတ်တာကလွဲရင် မိန်းကလေးတွေလိုနွဲ့နှောင်းနေတာမျိုးလည်းမဟုတ်ပေ။သို့ပေမယ့် သူ့ကိုဘာကြောင့်မျိုးတူ ယောင်္ကျားလေးတစ်ယောက်ကချစ်နေလဲသူမသိပေ။သေချာတာကတော့ သူလည်းစည်သူ့အပေါ်မှာ သံယောဇဥ် ရှိပါသည်။

မြူ(Complete)Where stories live. Discover now