Ep 47

6.3K 327 6
                                    

Ep 47

ဒီပါတို့စာမေးပွဲဖြေပြီး၍ဒီဇင်ဘာကျောင်းပိတ်ရက်သို့ရောက်လာပြီဖြစ်သည်။
ငုဝါလည်းကျောင်းနဲ့နီး၍နေလက်စနဲ့ဒီမှာပဲနေနေရသည်။ကျောင်းပြီးမှမန္တလေးကိုပြန်ရမည်ဖြစ်သည်။ဒီနေ့တော့ငုဝါရဲ့အမကသူ့ညီမလေးအားမုန့်လိုက်ကျွေးမည်ဟုပြောကာခေါ်သွားလေသည်။ဒေါ်နဒီကမီးဖိုချောင်ထဲတွင်မနက်စာပြင်နေချိန်ဒီပါဆင်းလာသောကြောင့်.....

"သား နိူးပြီလား လာလာ မနက်စာလာစား"
"မေမေကဒီနေ့ဆိုင်မသွားဘူးလား"

ဒီပါက ခုံမှာထိုင်လိုက်ကာကော်ဖီသောက်၍မေးလိုက်လေသည်။

"မသွားဘူးသားရေ ဒီနေ့တစ်ရက်လောက်နားမလို့"
"ဟုတ်ကဲ့" ဒေါ်နဒီကကော်ဖီသောက်ရင်းပင်ဒီပါ့အားကြည့်ကာ

"သား သားလေ ငုဝါကိုဘယ်လိုမြင်လဲဟင်"
"အင်းမဆိုးပါဘူး ခပ်မိုက်မိုက်တွေထဲမှာမပါဘူး အနေအေးပါတယ်"

"အင်းမေမေလည်းငုဝါလေးကိုသဘောကျတယ်အဲ့ဒါသားနဲ့ငုဝါလေးကိုမေမေကစေ့စပ်ပေးမလို့"

" အဟွတ် အဟွတ် ဗျာ သားနဲ့ငုဝါကိုစေ့စပ်ပေးမယ်"

အမေဖြစ်သူရဲ့စကားကြောင့်ဒီပါလည်းသောက်လက်စ ကော်ဖီပင်သီးသွားရသည်။

"ဟုတ်တယ် မေမေနဲ့ငုဝါလေးရဲ့မိဘတွေနဲ့ ဖုန်းထဲမှာစကားပြောပြီးပြီဟိုဘက်ကလည်းမိတ်ရင်းဆွေရင်းတွေပဲဆိုတော့သဘောတူတယ်တဲ့အဲ့ဒါသားတို့ကျောင်းပြီးရင်မေမေကစေ့စပ်ပေးမယ်"

"ဟိုလေ ငုဝါမှာရည်းစားတွေဘာတွေများရှိနေမလားလို့ပါ...အဲ့တာသူ့သဘောထားကိုမေးပါအုန်းမေမေရယ်"

"အဲ့ဒါတော့မပူနဲ့ မေမေကစုံစမ်းပြီးပြီ သူ့မှာ
ယောင်္ကျားလေးသူငယ်ချင်းဆိုလို့သားတို့လေးယောက်နဲ့ပဲခင်တာတဲ့ ပြီးတော့သီရိဆိုလားအဲ့ကလေးမလေးနဲ့ပဲအပေါင်းအသင်းရှိတာပါသားရယ် မေမေတို့ကတိုင်ပင်ပြီးပြီနော် သားတို့အောင်စာရင်းမထွက်ခင်စေ့စပ်ဖို့ပြင်ဆင်ရမယ်"

'မြူရယ် ငါဘယ်လိုလုပ်ရမလဲ'

ကမ္ဘာပေါ်တွင်အချိန်မြိန်ဆုံးလို့ယူဆထားတဲ့မိခင်ဖြစ်သူရဲ့အသံဟာထိုနေ့မနက်တွင်တော့ သူ့နားထဲတွင်သံရည်ပူလောင်းထားသကဲ့သို့ပူလောင်လှလေသည်။စတောင်မစရသေးတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာအဆုံးသတ်ရောက်ဖို့အတွက်အကြောင်းဖန်လာလေပြီ။

မြူ(Complete)Where stories live. Discover now