Ep 5

11.6K 897 8
                                    

Ep 5

မြူ နှင့်ဒီပါတို့ကျောင်းသို့အစောကြီး ရောက်လာကြပြီး ဒီနေ့ကအသင်းကျတဲ့နေ့မို့လို့ ရှင်းစရာရှိတာများကိုရှင်းလင်းဖို့​လုပ်ရတော့သည်။
အသင်းကျတဲ့သူတွေကကျောင်းခန်းတံခါးသော့ကိုယူထားရလေသည်။
မြူ လည်းအခန်းတံခါးကိုဖွင့်လိုက်ကာခုံပေါ်ကိုလွယ်အိတ်ချလိုက်သည်။ပြီးသည်နှင့်တံမြတ်စည်းလှဲရန်အခန်းထောင့်တွင်သွားယူလိုက်သည်။ထိုအချိန်လွယ်အိတ်ကိုလွယ်ကာအခန်းထဲသို့ဝင်လာသောသူကြောင့်မော့ကြည့်လိုက်တော့ဇေယျာနိူင်ဖြစ်နေသည်။ဇေယျာကမြူ အားပြုံးပြကာ

"ကျွန်တော်ကဒီနေ့အသင်းကျလို့ပါ အဲ့ဒါ...."
"ဪဟုတ်ကဲ့ ကျွန်တော်လည်းဒီနေ့အသင်းကျ တာပါပဲ"

ထိုအချိန်မြူ တို့အနားသို့ဒီပါရောက်လာသောကြောင့်
မြူက ပဲ ကြားကနေဝင်၍မိတ်ဆက်ပေးလိုက်​ောတ့သည်။

"ဪဒါကဒီနေ့အသင်းခေါင်ဆောင်ပါ ခွန်းဒီပါတဲ့ကျွန်တော်ကမြူ ပါ" မြူ ကမိက်ဆတ်ပေးတော့ဇေယျာနိူင်ကပြုံးပြသည်။ဒီပါကတော့ဒီတိုင်းသာရုပ်တည်ကြီးနဲ့နေနေလေသည်။ဇေယျာနိူင်ကမြူ တို့ဘက်ကိုလှည့်ကာ

"ကျွန်တော်ကဇေယျာနိူင်ပါ"
"ဟုတ်ကဲ့" မြူက ​ခေါင်းညိမ့်အသိမှတ်ပြုပြီးနောက် ဇေယျာ့က မြူ ကိုသေချာကြည့်ကာ...

"ဟို....နာမည်ကဆန်းတယ်နော် မြူ တဲ့"
"အာ...ဟုတ်အမေပေးထားတာပဲဒါဆိုသန့်ရှင်းရေးလုပ်ရအောင်"

"ဟုတ်ကဲ့" ဇေယျာနိူင်လည်းခုံပေါ်သို့လွယ်အိတ်ကိုချလိုက်ကာမြူ ဘက်သို့လှည့်၍

"မြူ ကျွန်တော်ဘာအရင်လုပ်ပေးရမလဲ"
"ကျွန်တော်တို့ဖင်ထိုင်ခုံကိုစာရေးတဲ့ခုံပေါ်အရင်တင်ကြရအောင်ပြီးရင်တံမြတ်စည်းလှဲကြတာပေါ့"
"ဟုတ်ကဲ့"

မြူ နှင့်ဇေယျာနိူင်ကခုံတွေလိုက်တင်နေ၍ဒီပါကတော့မိန်းကလေးတွေလာရင်ဘုရားပန်းလဲလို့ရအောင်ပန်းအိုးတွေကိုခုံပေါ်သို့ချပေးနေသည်။

မြူ နှင့်ဇေယျာတို့ခုံတွေတင်နေရင်း....

"အ "မြူ တစ်ယောက်ထိုင်ခုံကိုမရင်း ထိုင်ခုံကသံချောင်းနှင့်လက်ကိုခြစ်မိသွား၍ရုတ်တရက်အေယ်လိုက်မိလေသည်။ ဇေယျာကမြူ ရဲ့အသံကြားလိုက်၍...

မြူ(Complete)Where stories live. Discover now