Ep 22
ဒီပါတစ်ယောက် မြူမနက်စာမစားရသေးသည်ကိုသိ၍အခန်းထဲဝင်ဝင်ချင်းကျောပိုးအိတ်ကိုချကာမြူကိုတောင်ဘာမှမပြောဘဲအပြင်ထွက်ပြီးမုန့်သွားဝယ်ရလေသည်။မြူ ကြိုက်တတ်သောCola
နှင့်မုန့်တစ်ခုခုဝယ်ကာပြန်လာချိန် ဇေယျာကမြူ့ဆီသို့အအေးဗူးပေးနေတာမြင်၍မဝင်သေးဘဲရပ်ကြည့်နေလိုက်သည်။ထိုအချိန်
ဇေယျာ့လက်ထဲကအအေးဘူးယူလိုက်သောမြူကြောင့်ဒီပါတစ်ယောက်လက်ထဲကအအေးဗူးကိုဖိကိုင်လိုက်မိသည်။မြူ ကအအေးဗူးကိုင်ကာဝင်လာသောဒီပါ့အားကြည့်နေမိသည်။ဒီပါက အအေးဘူးတွေကိုင်ကာခုံမှာဝင်ထိုင်လိုက်ရင်းအအေးနှစ်ဗူးကိုယူကာအနောက်တန်းသို့လှည့်၍...
"စည်သူနဲ့ပြည့်ဖြိုး ရော့မင်းတို့အတွက်"
"ဪ အေး အေး မင်းအတွက်ရောပါလား""အင်းပါတယ်"
ဒီပါကကျန်နေသောခုံပေါ်ကအအေးနှစ်ဗူးကိုခုံအောက်ကအံဆွဲထဲသို့ထည့်လိုက်ယ်ပြီးမုန့်တွေပါအကုန်ထည့်လိုက်ကာကျောပိုးအိတ်ထဲကစာအုပ်ထုတ်ကာစာကြည့်နေလိုက်သည်။မြူ လည်း ဒီပါ့အားကြည့်ကာ စိတ်ဆိုးနေပြီဆိုတာသိ၍...
"ခွန်း"
".......""ခွန်း ငါခေါ်နေတယ်လေကွာ"
"........""ခွန်းငါဗိုက်ဆာတယ်"
"အဲ့ဒါငါဘာလုပ်ရမှာလဲ""မင်းငါ့အတွက်မုန့်မဝယ်လာဘူးလားဟင်"
"မဝယ်လာဘူး ကိုယ့်ဘာသာရှိတာစား" မြူ့အားတစ်ချက်မှမကြည့်ဘဲပြောနေသောဒီပါကြောင့်"ငါ့မှာဘာမှာမှမရှိတာ ဘာသွားစားရမှာလဲ"
"မင်းအကောင်ပေးသွားတဲ့အအေးသောက်လေ""ခွန်း မင်းကလဲ သူ့ကဒီအတိုင်းပေးသွားတာပါ"
"မင်းယူလိုက်တယ်မလား""ငါမသောက်ပါဘူး မင်းကိုမျှော်နေတာ မင်းဝယ်ကျွေးတာစားမလို့"သောက်မလို့လုပ်နေတာမြင်လိုက်သော ကိုယ်ကပင်အရူးလိုလို။
"အဲ့ဒီ အအေးဗူးပေး"
ဒီပါ့စကားကြောင့်မြူလည်းကြောင်တောင်တောင်နှင့်ပင်အအေးဗူးပေးလိုက်တော့ဒီပါက အအေးဗူးကိုယူကာခုံပေါ်ကထ၍အမှိုက်ပုံးထဲသို့သွားထည့်လိုက်သည်။မြူလည်းဒီပါ့လုပ်ရပ်အားကြည့်ကာ စိတ်ထဲ၌ဇေယျာ့အားအတော်လေးအားနာမိသွားသည်။ပြီးသည်နှင့် ဒီပါကခုံအောက်ထဲကအအေးနှစ်ဗူးကိုထုတ်၍ မြူ့အားတစ်ဗူးပေးလိုက်လေသည်။
YOU ARE READING
မြူ(Complete)
Romanceရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...