Ep 32

7.6K 448 3
                                    

Ep 32

မနက်ခင်းနေရောင်ခြည်ကအခန်းတွင်းသို့ထိုးဖောက်ဝင်ရောက်လာသည်။မြူလည်းအိပ်နေရာမှခဏအကြာနိူးလာပြီးအဖျားရှိန်ကလည်းကျသွားပြီဖြစ်၍​သက်သာသွားတော့သည်။ညတုန်းကအိမ်ကိုဖုန်းဆက်ကာဒီပါနှင့်အိပ်မည်ဟု​ပြောထားသောကြောင့်ဒီပါ့အိမ်မှာသာအိပ်ရလေသည်။
အခုဆိုခြေထောက်ကအရောင်ကျသွားပေမယ့်နည်းနည်းတော့နာနေသေးသည်။သို့ပေမယ့်ခေါင်းကတော့မကိုက်တော့ပေ။ဘေးကိုကြည့်လိုက်တော့နေရာလွတ်ဖြစ်နေ၍ဒီပါ အိပ်ယာထသွားပြီဆိုတာသိလိုက်လေသည်။အချိန်ကိုကြည့်တော့၈နာရီလောက်ရှိနေပြီဖြစ်သည်။မြူလည်းထလိုက်ကာမျက်နှာသစ်ပြီးညအိပ်ကာတွန်းဝမ်းဆက်လေးနှင့်ပင်အောက်သို့ဆင်းလာလိုက်သည်။

မီးဖိုချောင်တွင်အသံများကြားရ၍နားစွင့်မိတော့မိန်းကလေးတစ်ယောက်ရဲ့အသံဖြစ်နေလေသည်။ဒီအချိန်ဆိုရင်ဒီပါ့အမေကဆိုင်သွားပြီဆိုတာသိ၍ဘယ်သူလဲဟုတွေးလိုက်မိသည်။တဖြည်းဖြည်းနီးကပ်လာလေ အသံကမိန်းကလေးဆိုတာပိုပီပြင်လာသည်။ထို့ကြောင့်မြူလည်းမီးဖိုခန်းနားတွင်ခဏရပ်နေလိုက်သည်။

"မမနွယ်ရာ အပူလောင်ပါ့မယ်"
"အမယ်လေး ရပါတယ်ဒီပါရယ် အိမ်မှာလည်းဒီလိုပဲလုပ်နေကျပါ"

"တော်ကြာဧည့်သည်ကိုခိုင်းတယ်ဆိုပြီးပြောခံထိနေမှဖြင့်..."
"စကားကလည်းတတ်ပါ့"

ခဏအကြာ မြူလည်း ဘယ်သူလဲ သိချင်တာကြောင့်မီးဖိုခန်းထဲသို့ဝင်သွားလိုက်သည်။နွယ်နီက စားစရာတွေကိုစားပွဲပေါ်တင်နေရင်းမြူ့ကိုမြင်တော့...

"ဟယ် မောင်လေးနိူးပြီလား"
"ဗျာ ဟုတ်" မြူကသူ့ကိုနှုက်ဆက်လာသောကြောင့်နည်းနည်းတော့အံ့သြ သွားလေသည်။ထိုအခါဒီပါက ပန်းကန်ကိုင်ကာ.....

"မြူနိူးပြီလား လာထိုင်မနက်စာစားမယ်"
"........"

မြူကခုံပေါ်မှာထိုင်လိုက်တော့ဒီပါကမြူ့အနားကိုလာကာနဖူးကိုလက်နဲ့စမ်းလိုက်သည်။

"အဖျားတော့မရှိတော့ဘူး"
"........." ပြီးသည်နှင့်ဒီပါက မြူ့ဘေးနားတွင်ထိုင်လိုက်ကာ.....

မြူ(Complete)Where stories live. Discover now